DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် လေပြင်းကြောင့် အိမ်ခြေ ၁၀၀ ကျော် ထိခိုက်ပျက်စီး
DVB
·
May 1, 2016
ကနီမြို့နယ်တွင် လေပြင်းကြောင့် အိမ်ခြေ ၁၀၀ ကျော် ထိခိုက်ပျက်စီး
1 / 10
Donate to DVB

ဧပြီ ၂၉ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်ရှိ ကျေးရွာတွေမှာ အိမ်ခြေအဆောက်ဦ ၁၀၀ ကျော်ထိခိုက်ပျက်စီးခဲ့ပါတယ်။

ပျက်စီးသွားတဲ့ အဆောက်ဦတွေထဲမှာ လူနေအိမ်တွေအပြင် စာသင်ကျောင်းတွေလည်း ပါဝင်ပါတယ်။

အဆောက်ဦ ထိခိုက်ပျက်စီးသွားတဲ့ ကျေးရွာတွေကတော့ ဆယ်ရွာချောင်လာပို့၊ ထန်းတပင်၊ အင်ကြင်းပင်၊ ကသက်၊ စိုင်တဲ၊ ကူးဆိပ်အုပ်စု၊ တွင်းအုပ်စု၊ ပက်ကြားဝ စတဲ့ ကျေးရွာတွေ ပါဝင်ပါတယ်။

အပျက်စီး အများဆုံးကျေးရွာကတော့ ဆယ်ရွာချောင်လာပို့ကျေးရွာဖြစ်ပြီး အပျက်စီအဆောက်ဦ ၆၈ လုံး ရှိတယ်လို့ ကနီမဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

ပျက်စီးသွားတဲ့ အဆောက်ဦအရေတွက်စာရင်းတွေကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြကာ ပြန်လည်ပြုပြင်ဖို့ အကူညီအထောက်ပံ့တွေ ရယူသွားမယ်လို့ ဦးထွန်းထွန်းဝင်း ဆိုပါတယ်။

သတင်းဓာတ်ပုံ - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013