DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် ချီဖွေတွင် ရေကြီးရေလျှံမှုကြောင့် အိမ် ၉၅ လုံး ပျက်စီး
DVB
·
May 1, 2016
ကချင်ပြည်နယ် ချီဖွေတွင် ရေကြီးရေလျှံမှုကြောင့် အိမ် ၉၅ လုံး ပျက်စီး
Donate to DVB

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ လန်ဆယ်မှာ ဧပြီ ၂၄ ရက် နံနက်ပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ လကင်ချောင်းရေ မြင့်တက်လာကာ ရေစီးနဲ့အတူ သစ်လုံးတွေ မျောပါ တိုက်မိတာကြောင့် အိမ် ၉၅ လုံး မျောပါပျက်စီးခဲ့ပါတယ်။

ရေကြီးရေလျှံမှုကြောင့် လူနဲ့တိရစ္ဆာန်တွေ သေကျေထိခိုက်ခဲ့မှု မရှိပေမယ့် ဒေသခံပြည်သူတွေ  စားနပ်ရိက္ခာ ပြတ်လပ်ခဲ့တာကြောင့် စစ်တပ်က သွားရောက်ကူညီခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

လကင်ချောင်းရေ မြင့်တက်လာမှုကြောင့် ရေစီးနဲ့အတူ သစ်လုံးတွေ မျောပါတိုက်မိပြီး လန်ဆယ်ရွာရှိ လူနေအိမ်အလုံး ၅၀ နဲ့ အလယ်တန်းကျောင်းရှိ အဆောင်အဟောင်း ၃ လုံး၊ လကင်ရွာရှိ လူနေ အိမ် ၅ လုံး၊ တန်ဒန်ရွာရှိ လူနေအိမ် ၁ လုံး၊ ချီဝင်ရွာရှိ လူနေအိမ် ၄ လုံး၊ ဒဘန်းခရွာရှိ လူနေအိမ် ၂၈ လုံး၊ ရှီရှီခူရွာရှိ လူနေအိမ် ၁ လုံးနဲ့ သုံးချောင်းဆုံရွာရှိ လူနေအိမ် ၆ လုံး၊ စုစုပေါင်း လူနေအိမ် ၉၅ လုံးမျောပါ ပျက်စီးသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013