DVB Logo
Home
မြန်မာသတင်း
ပင်လုံညီလာ အမြန်ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်အပေါ် အမြင်သဘောထား
DVB
·
April 30, 2016
ပင်လုံညီလာ အမြန်ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်အပေါ် အမြင်သဘောထား
Donate to DVB

၂၁ ရာစုပင်လုံညီလာခံကို ၁ လ၊ ၂ လအတွင်း အချိန်မဆွဲပင် ကျင်းပသွားဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှုကော်မတီ JMCU နဲ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ ပြောကြားစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံဆိုတာ အရင်အစိုးရလက်ထက်က လေးလတစ်ကြိမ် ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံကို ဆိုလိုတာလား၊ ပင်လုံညီလာခံအသစ် လုပ်မှာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဌကပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ  ဦးသုဝေက “သူကလည်းပဲ ငြိမ်းချမ်းရေးကြီးကို ဆက်လုပ်မယ်လို့ပြောတယ် နံပါတ် ၁ ကပေါ့နော်။ နံပါတ် ၂ ကတော့ အရင်တုန်းက လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးအစီအရင်တွေကိုလည်း သူကပစ်ပယ်တာမဟုတ်ဘူး။ သဘောတူလက်ခံပါတယ်လို့ သူပြောထားတယ်။ ဆိုတော့ အဲ့ဒီပြောထားတဲ့အခါကျတော့ အရင်တုန်းကလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးအစီအရင်ကြီးကို ဆက်ပြီးတော့ အဲ့ဒီညီလာခံကြီးကို ဆက်လုပ်မယ်လို့ အဲ့ဒီသဘောမျိုးလည်း ပေါက်ပါတယ်။ နောက်တခုကတော့ ခုနက ပင်လာညီလာခံလို့ ခေါ်လိုက်ခြင်းအားဖြင့် ပင်လုံညီလာခံကြီးကို သပ်သပ်အစကနေ လုပ်မှာလား။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်ပြီးလုပ်မှာလားဆိုတာတော့ ဒီနှစ်ခုက စဉ်းစားစရာတော့ ရှိတယ်ပေါ့နော်။”

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးမြအေးက ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပမယ်ဆိုရင် ညှိနှိုင်းဆွေးနွေးစရာတွေနဲ့ ငြင်းခုန် စရာတွေအများကြီးရှိနေပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးကျင်းပမယ်ဆိုရင် လူပုဂ္ဂိုလ်ဆိုင်ရာယုံကြည်မှုကြောင့် အောင်မြင်နိုင်ခြေရှိနေတယ်လို့ ပြောပါတယ်။

“ပြဿနာတွေကတော့ အများကြီးပေါ့ဗျာ။ ဖြတ်ကျော်ရမယ့် အခက်အခဲတွေက တော့ အများကြီးရှိတယ်။ ရှိတဲ့အထဲမှာ အဓိကပြဿနာက ဘာလည်းဆိုတော့ ဒီဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးပေါ့။ အဲ့ဒါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တွဲဆက်ပြီး ဖြစ်ပေါ် လာတာကိုး။ ဒီ အမ်ပီစီ (မြန်မာငြိမ်းချမ်းရေးစင်တာ) ပေါ့။ အမ်ပီစီကိုပြန်ပြီးတော့ ဖွဲ့စည်းမယ်။ ဒီ့ထက်ပိုပြီးတော့ အား ကောင်းအောင် ဖွဲ့စည်းမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေတော့ ကျနော်တို့ တွေ့နေရတယ်။ တွေ့နေရတော့ ဒီလိုညီလာခံမျိးက ဒေါ်အောင်ဆန်းစုကြည် ခေါ်မယ်ဆိုရင်တော့ ၁ လ၊ ၂ လ အတွင်းမှာ ဖြစ်နိုင်ခြေအများကြီးရှိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျနော် တို့အရင်တည်းက သုံးသပ်တာက အမ်ပီစီရဲ့လုပ်ငန်းစဉ်တွေ နှောင့်နှေးနေတာက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်လာနိုင်မှုမရှိတဲ့ အခြေအနေလည်း ရှိတာပေါ့။ သူပါဝင်လာတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးယုံကြည်မှုနဲ့ လက်မှတ်ထိုးမယ့် တိုင်းရင်းသားတွေရှိတယ်လေ။ အဲ့တိုင်းရင်းသားတွေကလည်း ပူးပေါင်းပါဝင်လာနိုင်တယ်။ အဲ့တော့ ၁ လ၊ ၂ လ အတွင်းမှာ ဖြစ်လာနိုင်ချေအများကြီးရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်းလိုက်တဲ့ ၂၁ ရာစုပင်လုံညီလာခံအစား အရင် အစိုးရလက်ထက်ကဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့ နိုင်ငံရေးလေ့လာသူတွေရဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဟိန်းကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013