DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် လမ်းတံတားပြုပြင်ရေးနှင့် ရေရရှိရေး သန်း ၈၅၀ ကျော်သုံးမည်
DVB
·
April 30, 2016
ဧရာဝတီတိုင်းတွင် လမ်းတံတားပြုပြင်ရေးနှင့် ရေရရှိရေး သန်း ၈၅၀ ကျော်သုံးမည်
Donate to DVB

အစိုးရသစ်လက်ထက် ရက်ပေါင်း ၁၀၀ ကာလအတွင်း ကျေးလက်ဦးစီးဌာနက ငွေကျပ် သန်း ၈၅၀ ကျော် အသုံးပြုပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လမ်းတံတားပြုပြင်ရေးနဲ့ ရေရရှိရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနအနေနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနဲ့ တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ထားတယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောပါတယ်။

အသုံးပြုမယ့် ၈၅၇ သန်းဟာ ၂၀၁၆-၂၀၁၇ ဘတ်ဂျတ်ထဲက မဟုတ်ဘဲ ရှိပြီးသား မွမ်းမံထိန်းသိမ်းရေးရန်ပုံငွေ ၂.၈ ဘီလီယံထဲက ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ၈၅၇ သန်းကို အသုံးပြုသွားမယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၆ မြို့နယ်ရှိတာကြောင့် တစ်မြို့နယ်ကို လမ်းတံတားပြုပြင်ထိန်းသိမ်းရေးအတွက် သန်း ၃၀ နဲ့ ရေရရှိရေးပြုပြင်ထိန်းသိမ်းရေးအတွက် ၅ သန်း စုစုပေါင်း ၃၅ သန်းနဲ့ ခွဲဝေအသုံးပြုသွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိကတော့ လမ်းတံတားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းမှာ ၁၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီဖြစ်ပြီး ရေရရှိရေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းမှာ ၃၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြေပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနဲ့ ဆွေးနွေးချက်အရ ၂၀၁၆-၂၀၁၇ ဘတ်ဂျက်ထဲကနေ ရေရရှိရေးအတွက် လက်တူးတွင်း ၆၄ တွင်းနဲ့ တွင်းနက် ၃၉ တွင်းကိုလည်း ရက်ပေါင်း ၁၀၀ စီမံကိန်းကာလအတွင်း ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013