DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိကပိုင် ရှေးဟောင်းအဆောက်အအုံကို အများပြည်သူလေ့လာနိုင်ရန် ပြသ
DVB
·
April 30, 2016
ပုဂ္ဂလိကပိုင် ရှေးဟောင်းအဆောက်အအုံကို အများပြည်သူလေ့လာနိုင်ရန် ပြသ
1 / 4
Donate to DVB

ရန်ကုန်မြို့က ပုဂ္ဂလိကပိုင် ရှေးဟောင်းအဆောက်အအုံတခုကို မူမပျက်ပြန်ပြင်ပြီး အများပြည်သူ လေ့လာဖို့ ပြသထားပါတယ်။

ပုဂ္ဂလိကပိုင် အဆောက်အအုံတခုကို ရှေးဟောင်းအဆောက်အအုံအဖြစ် ပထမဆုံး သတ်မှတ်တာ ဖြစ်ပြီး ပြုပြင်ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

ကုန်သည်လမ်းမှာရှိတဲ့ အဲဒီ ၂ ထပ်အဆောက်အအုံဟာ ၁၉၀၀ ပြည့်နှစ် အစောပိုင်းမှာ တည်ဆောက်ခဲ့တာပါ။ အခန်း ၁၂ ခန်း ပါရှိပြီး လက်ရှိမှာ လူနေထိုင်နေပါတယ်။

ဒီအဆောက်အအုံကို ဗြိတိန်နိုင်ငံက ချားလ်စ် မင်းသား ဖွဲ့စည်းထားတဲ့ Turquoise Mountain အဖွဲ့က ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တာပါ။

“ရန်ကုန်မှာ ဒီထက်ကြီးမားတဲ့ အဆောက်အအုံကို ပြုပြင်ပေးချင်ပါသေးတယ်။ မပျက်စီးအောင် ထိန်းသိမ်းပြီး ကြာရှည်ခံအောင် လုပ်ချင်ပါတယ်။ လက်သမား၊ ပန်းရန် စတဲ့ လက်မှု ပညာရှင်တွေကိုလည်း ဒီလိုတွေ လုပ်တတ်အောင် သင်တန်းတွေ ပေးချင်ပါတယ်။ ဒီအဆောက်အအုံကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် ငွေတွေရနိုင်ဖို့၊ ဒီမှာ မြန်မာ့လက်မှု ပညာတွေ ပြသနိုင်ဖို့အတွက် ကြိုးစားပေးချင်ပါတယ်” လို့ Turquoise Mountain အဖွဲ့က CEO မစ္စ Shoshana Steward က ပြောပါတယ်။

ဒီတိုက်က အခန်းတခုမှာ ကွယ်လွန်သွားတဲ့ သတင်းစာဆရာကြီး လူထုစိန်ဝင်း ၂၀၁၂ ခုနှစ်အထိ နေထိုင်ခဲ့ပါတယ်။  ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့အနေနဲ့ ရန်ကုန်က နောက်ထပ် ရှေးဟောင်းအဆောက်အအုံတွေကို စာရင်းပြုစုနေပြီး လက်ရှိမှာတော့ အလုံးရေ ၃၀၀၀ ကျော်ရထားပြီ ဖြစ်ပါတယ်။ အများစုကတော့ ပုဂ္ဂလိကပိုင်တွေဖြစ်တဲ့အတွက် ထိန်းသိမ်းဖို့ ခက်ခဲတာတွေ ရှိပါတယ်။

“အိမ်ရှင်တွေလိုချင်တဲ့ပုံစံက တမျိုး၊ စီမံကိန်းအရ လုပ်ရတာကတမျိုး အများကြီးညှိရပါတယ်။ တိုက်တခုဆိုရင်ပဲ လူတွေအများကြီးနေကြတာလေ” လို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က အကြီးတန်းအစီအစဉ်အရာရှိ ဦးကြံတိုင်းအောင်က ပြောပါတယ်။

လက်ရှိအစိုးရသစ်ရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေကြောင့် ရန်ကုန်ရဲ့ အမွေအနှစ်တွေ ပျောက်သွားမှာကို မစိုးရိမ်ပါဘူးလို့လည်း ပြောပါတယ်။

ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်လိုက်တဲ့ ဒီအဆောက်အအုံထဲက တိုက်ခန်း (၁) ခန်းကို ပြခန်းတခုအဖြစ် လာမယ့် ဇူလိုင်လကုန်အထိ တနင်္လာနေ့ကလွဲပြီး  ညနေ ၃ နာရီမှ ၇ နာရီအထိ အများပြည်သူလေ့လာနိုင်ဖို့ နေ့စဉ် ဖွင့်လှစ်ထားမှာပါ။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013