DVB Logo
Home
Lead Story
နေပြည်တော်တွင် နေအပူရှိန် မြင့်မားမှုကြောင့် ကြက်သေဆုံးမှု မြင့်မား
DVB
·
April 29, 2016
နေပြည်တော်တွင် နေအပူရှိန် မြင့်မားမှုကြောင့် ကြက်သေဆုံးမှု မြင့်မား
1 / 7
Donate to DVB

နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ်အတွင်းက အသားစား (CP) ကြက်မွေးမြူရေးခြံတွေမှာ နေအပူရှိန်မြင့်မားမှုကြောင့် ကြက်ခြံတခြံမှာ ၁ ရက်ကို ကြက်အကောင်ရေ ၁၀၀ လောက်အထိ သေဆုံးနေတယ်လို့ မွေးမြူရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

"အပူရှိန်ကြောင့်လို့ပဲထင်တယ်။ အပူများပြီးတော့ ချွဲထတယ်။ ချွဲများပြီးတော့မှ အစာနင်တာတို့ ရေပြန်အန်တာ တို့ဖြစ်တယ်" လို့ ပုဗ္ပသီရိမြို့နယ်၊ ကျည်ထောင်ကန် ရပ်ကွက် (၂)က ကြက်မွေးမြူရေးလုပ်ကိုင်နေသူ ဦးစန်းဝေက ပြောပါတယ်။

ဒီမြို့နယ်မှာရှိတဲ့ ကြက်ခြံတွေမှာလည်း ဒီလိုပဲ ကြက်သေဆုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

အသားစားကြက်တစ်ကောင် (လေးဆယ့်ငါးရက်သား) ကို ၇၀၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။

အောင်ကိုကိုလတ်

 

 

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013