DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့နယ်၌ပိုင်ဆိုင်မှုအငြင်းပွားရာက နေအိမ်၊ ကားနှင့် ဆိုင်ကယ်များ ဖျက်ဆီးခံရ
DVB
·
April 29, 2016
တောင်ကြီးမြို့နယ်၌ပိုင်ဆိုင်မှုအငြင်းပွားရာက နေအိမ်၊ ကားနှင့် ဆိုင်ကယ်များ ဖျက်ဆီးခံရ
Donate to DVB

ရှမ်းပြည်နယ် တောင်ကြီးမြို့အရှေ့ဘက် ၄ မိုင်အကွာ မဲသောင်းရွာမှာ ပီအန်အို ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းနဲ့ ရွာသားတွေကြား မြေယာပိုင်ဆိုင်မှု အငြင်းပွားရာက ဒေသခံရွာသားပိုင် နေအိမ်၊ မော်တော်ကားနဲ့ ဆိုင်ကယ်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။

မဲသောင်းရွာက မြေယာ၂၉ ဧကကို ပီအန်အိုဗိုလ်မှူးဟောင်း ဦးထွန်းရွှေက ယခင်စစ်အစိုးရ လက်ထက်က မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးနဲ့ ပူးပေါင်းပြီး ရယူထားခဲ့တာဖြစ်ပြီး ရွာသားတွေကတော့ အဲဒီမြေဟာ သူတို့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာတဲ့ မြေတွေဆိုပြီး အငြင်းပွားနေကြရာကနေ ဧပြီ ၂၆ ရက်နေ့က ဖျက်ဆီးခံခဲ့ရတာလို့ အိမ်ပိုင်ရှင် ဒေါ်နန်းဝင်းကြည်ကပြောပါတယ်။

“ဒီမြေမှာ အမိုးတို့ အဘိုးဘွားလက်ထက်ကတည်းက လုပ်စားလာတာလေ။ ဘယ်လိုလုပ် သူတို့ပိုင်ဖြစ်သွားလဲ မသိလိုက်ဘူး၊ အဲဒါ တနေ့က ကား ၃ စီးနဲ့ လူ ၂၀ လောက်လာပြီး အမိုးတို့ အိမ်လာဖျက်သွားတယ်။ ပြီးတော့ အိုးခွက်ပန်းကန် ပရိဘောဂ အကုန်လုံးသယ်သွားတယ်။ အမိုးဘာမှမကျန်တော့ဘူး။ နေစရာမရှိတော့ဘူး။ သားသမီးတွေနဲ့ ၇ ယောက်လုံး အခု အမျိုးအိမ်မှာ သွားနေရတယ်။ အမိုးတို့ စတော်ဘယ်ရီစိုက်ထားတာလည်း သူတို့ခြံလို့ပြောပြီး   ခြံစည်းရိုးတွေ လာကာတယ်။ အမိုးတို့ အခု နေစရာလည်း မရှိ၊ စိုက်စားစရာလည်း မရှိတော့ဘူး။”

ဒီကိစ္စနဲ့ပတ်သက်ပြီး ပီအန်အို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဆီကိုရော ရဲစခန်းကိုပါ တိုင်ကြားထားပေမယ့် အကြောင်းမထူးတဲ့အပြင် နယ်မြေကျူးကျော်မှုနဲ့ တရားစွဲခံထားရပြီး တောင်ကြီး  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို တိုင်ကြားထားတယ်လို့ ရွာသူအမျိုးသမီးကပြောပါတယ်။

တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက  “ မြေပြဿ    နာနဲ့ ပတ်သက်ပြီး ရွာသားတွေက အဖွဲ့ချုပ်ကို လာတိုင်ထားပါတယ်။ ပီအန်အို ဗိုလ်မှူးဟောင်းကတော့ အဲဒီမြေတွေဟာ အရင်စစ်အစိုးရလက်ထက် အာဏာပိုင်တွေဆီကနေ လက်ဆောင်ရထားတာ လို့ ပြောတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ၂ နှစ်က ပုံစံ ၁၀၅ ရအောင်လုပ်ခဲ့ တယ်။  ရွာသား ၇ ဦး ကတော့ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံထားရတယ်။ အဲဒီမြေကွက်ထဲက စိုက်ခင်းတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေကို ဖျက်ဆီးခံရတယ်။ မနှစ် နိုဝင်ဘာလက ကား ၁ စီး၊ ဆိုင်ကယ်  ၇ စီး၊ ဒီနှစ် ဇန်န၀ါရီလက နေအိမ် ၂ လုံး၊ ပြီးခဲ့တဲ့ အင်္ဂါနေ့က အိမ် ၁ လုံး အဖျက်ခံရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်ထံ တိုင်ကြားထားတယ်လို့  ဦးတင်မောင်တိုးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013