DVB Logo
Home
မြန်မာသတင်း
တရားစီရင်ရေးကို ၀င်ရောက်စွက်ဖက်မည်မဟုတ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော
DVB
·
April 29, 2016
တရားစီရင်ရေးကို ၀င်ရောက်စွက်ဖက်မည်မဟုတ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော
Donate to DVB

လက်ရှိ အစိုးရသစ်လက်ထက်မှာ အုပ်ချုပ်ရေးအာဏာကို အသုံးပြုပြီး ရန်ကုန်တိုင်းက တရားရုံးတွေမှာ ဝင်ရောက်စွက်ဖက်သွားမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။

အရင်အစိုးရလက်ထက်မှာ တရားစီရင်ရေးတွေကို အုပ်ချုပ်ရေးဘက်ကနေ ဝင်ရောက် စွက်ဖက်ခဲ့တာကြောင့် အမှုရင်ဆိုင်နေရတာတွေ ကြာခဲ့သလို တရားမျှတမှုတွေလည်း လုံးဝမရှိခဲ့ဘူးလို့ တရားလွှတ်တော်ရှေ့နေတွေက အစဉ်တစိုက် ပြောဆိုဝေဖန်ခဲ့တာပါ။

ဧပြီ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်ခဲ့တဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောဆိုသွားတာလို့ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေအသင်း အတွင်းရေးမှူး - ၂ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

“၀န်ကြီးချုပ်အနေနဲ့ ခိုင်ခိုင်မာမာ သူပြောခဲ့တာကတော့ တရားစီရင်ရေးကို အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက်မှု မရှိဘူး။ သူ့အနေနဲ့ အတတ်နိုင်ဆုံးကို ၀င်ရောက်စွက်ဖက်မှု  မရှိအောင်လည်း ကာကွယ်သွားမယ်၊ လုပ်ဆောင်သွားမယ်။ ဒါကြောင့်မို့ တရားစီရင်ရေးပေါ်မှာ အုပ်ချုပ်ရေးပိုင်းကတော့ လုံးဝ ၀င်ရောက်စွက်ဖက်လိုခြင်း မရှိဘူး။ ရန်ကုန်တိုင်းထဲမှာတော့ သူ့အနေနဲ့ အဲဒီလို အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက်မှုမရှိအောင် ကာကွယ်သွားမယ်ဆိုတာ သူတာဝန်ယူသွားပါတယ်။”

တရားစီရင်ရေးရဲ့ ချွတ်ယွင်းချက်တွေ၊ တရားဥပဒေ စိုးမိုးရေးကို မြှင့်တင်ဖို့အတွက် ဘယ်လိုလုပ်ဆောင်သွားကြမလဲဆိုတဲ့ အချက်တွေနဲ့ တရားရုံးတွေကို စောင့်ကြည့်ရေး စတဲ့ အချက်အလက်တွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေးနိုင်ခဲ့ပြီး ဥပဒေချုပ် ဦးဟန်ထွန်းကလည်း ဥပဒေနဲ့အညီ ဖြစ်စေရမယ်လို့ ကတိပေး ပြောဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ ဥပဒေရဲ့ ချွတ်ယွင်းချက်တွေကိုလည်း ဥပမာပေး ဆွေးနွေးဖြစ်ခဲ့တယ်လို့ ကိုယ်တိုင်တက်ရောက် ဆွေးနွေးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ဦးကြီးမြင့်ကလည်း ပြောဆိုပါတယ်။

“တရားစီရင်ရေးမဏ္ဍိုင် ဆိုတဲ့နေရာမှာ တရားရုံးတခုတည်း ကြည့်လို့မရဘူး။ တရားရုံးတခုတည်း ပျက်နေတာမဟုတ်ဘူး။ ရဲတပ်ဖွဲ့ကလည်း ဘယ်လိုပျက်နေတယ်၊ ဥပဒေဘက်ကလည်း ဘယ်လိုတွေ ချွတ်ယွင်းနေတယ်၊ ဆရာတို့ဘက်ကလည်း နမူနာ၊ ဥပမာတွေပေးပြီးတော့ ဘယ်တရားရုံးတွေမှာ ဘယ်လိုဖြစ်နေတယ် ဆိုတာတွေကို ဆရာအပါအ၀င် တက်ရောက်လာသူတွေက ဥပမာတွေနဲ့ ဒီလိုအဖြစ်အပျက်တွေနဲ့ ချပြီးတော့ ဆွေးနွေးပါတယ်။”

တရားစီရင်ရေးမှာ အုပ်ချုပ်ရေးအနေနဲ့ ဝင်ရောက်မစွက်ဖက်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က တာဝန်ယူလိုက်သလို ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက အစိုးရအဖွဲ့တွေကလည်း အလားတူ တာဝန်ယူကြမယ်ဆိုရင် တရားစီရင်ရေးဟာ နိုင်ငံတော်အဆင့် ကောင်းမွန်မျှတတဲ့ တရားစီရင်ရေး ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဆိုပါတယ်။

အခုလိုဆွေးနွေးပွဲမျိုးကို အရင်အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက လုပ်မပေးနိုင်ခဲ့တဲ့အပြင် ရန်ကုန် ကမ်းနားလမ်းက တိုင်းတရားရုံးကြီးကို ကုမ္ပဏီအဖြစ် ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့လို့ ရှေ့နေတွေကိုယ်တိုင်က ဆန္ဒပြခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013