DVB Logo
Home
မြန်မာသတင်း
ညီညွတ်မှုအားနည်းခြင်းကြောင့် အရေးနိမ့်ခဲ့ရဟု ကြံ့ခိုင်ရေးပါတီအထွေထွေအတွင်းရေးမှူး ပြော
DVB
·
April 29, 2016
ညီညွတ်မှုအားနည်းခြင်းကြောင့် အရေးနိမ့်ခဲ့ရဟု ကြံ့ခိုင်ရေးပါတီအထွေထွေအတွင်းရေးမှူး ပြော
Donate to DVB

ပါတီတွင်း စည်းလုံးညီညွတ်မှု အားနည်းခဲ့လို့ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့ရ တာဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်တဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း ကပြောကြားလိုက်ပါတယ်။

ဧပြီ ၂၇ ရက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ပါတီဗဟိုအတွင်းရေးမှူး ဦးကျော်ကျော်ဌေး၊ ဗဟို အလုပ်အမှုဆောင် ဦးစိုးသိန်း၊ ဦးခင်ရီစသူတွေနဲ့သွားရောက်ပြီး ပြည်နယ် ပါတီဝင်တွေနဲ့ တွေ့ဆုံပြောကြား လိုက်တာဖြစ်ပါတယ်။

ဦးတင်နိုင်သိန်းက “wave (လှိုင်း)၏ အခြေအနေကြောင့် မိမိ၏ပါတီ ၂၀၁၅ တွင် အရေးနိမ့်ခဲ့ပါကြောင်း၊ ဒါ့အပြင် စည်းလုံးညီညွတ်မှု အားနည်းခြင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်း လိုအပ်ချက် များစွာရှိခြင်း၊ ပါတီကေဒါ ကောင်းရွေးချယ်မှု အားနည်းခြင်းနှင့် လေ့ကျင့်ပြုစု ပျိုးထောင်မှု နည်းပါး ခြင်း၊ မီဒီယာကဏ္ဍနိမ့်ပါးခြင်း၊ ၀န်းရံသူအားနည်းခြင်း၊ အရံအင်အား ကောင်းများ ဖန်တီးမှု မရှိခြင်း၊ တိုင်းရင်းသားလူမျိုးစု ကေဒါပါဝင်မှုမရှိခြင်း၊ ကော်မတီအဆင့်ဆင့် တွင်း အမျိုးသမီးဦးရေ နည်းပါးခြင်း၊ ပါတီအတွင်းတွင် သာမက ပြင်ပအသင်းအဖွဲ့များနှင့် ထိတွေ့မှုအားနည်းခြင်း စသည့် အကြောင်းအရာများလည်း ပါဝင်ပါကြောင်း။” ပြောကြားခဲ့ တယ်လို့ ပါတီရဲ့လူမှုကွန်ရက်သတင်းမှာဖော်ပြပါတယ်။

ဒီချက်တွေကို ယခုအချိန်က စတင်ပြုပြင်တည်ဆောက်ပြီး လာမည့်ရွေးကောက်ပွဲမှာ အနိုင်ပြန်လည်ရ ရှိစေရန် ဆောင်ရွက်ကြဖို့၊ လူငယ်နဲ့ အမျိုးသမီးထုကို စည်းရုံးပြီး ပါတီရေရှည် တည်တံ့အောင် ဆောင်ရွက်ဖို့လည်း ပါတီ အထွေထွေအတွင်းရေးမှူးက အထူးမှာကြားသွားပါတယ်။ ဒါ့အပြင် မကြာမီ ပါတီညီလာခံကြီးကျင်းပသွားဖို့ ရှိတယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013