DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချခဲ့သည့် ဥပဒေကိုပြန်ရုပ်သိမ်းမည်
DVB
·
April 28, 2016
ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချခဲ့သည့် ဥပဒေကိုပြန်ရုပ်သိမ်းမည်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့အပါအ၀င် နိုင်ငံရေးသမားတွေကို အကျဉ်းချရာမှာ အသုံးပြုခဲ့တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေမူကြမ်းကို ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ အများပြည်သူလေ့လာ အကြံပြုနိုင်ဖို့ ဖြန့်ချိထားပါတယ်။

ဒီဥပဒေကြမ်းမှာ အပုဒ် ၂ ပိုဒ်ပါဝင်ပြီး အပုဒ် ၁မှာ ဥပဒေအမည်၊ အပိုဒ် ၂ မှာတော့ နိုင်ငံတော် အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်လို့ ရေးသားဖော်ပြထားပါတယ်။

ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ စတင်သွင်းနိုင်ဖို့ဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီဥပဒေကို ကြည့်လိုက်ရင် ၁၉၇၅ ခုနှစ်က ဥပဒေဆိုကတည်းက ဒါ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ပေါ့လေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်က ဥပဒေကို ခုကျနော်တို့ သွားနေ တာက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ် မဟုတ်တော့ဘူး။ ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်နေ တာဆိုတော့ ခေတ်ကာလအားဖြင့် ဆီလျော်ခြင်းရှိမရှိပေါ့လေ။ ဒါပေမယ့် ဒီဥစ္စာက လွှတ်တော်က ဆုံးဖြတ်ရမယ့် ကိစ္စပါ”

အလားတူ စစ်အစိုးရအဆက်ဆက်လက်ထက်က နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချ နှိပ်ကွပ်ရာမှာ အသုံးများတဲ့ ပုဒ်မ ၅/ ည လို့လူသိများတဲ့ ၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှုဥပဒေ လည်း ပယ်ဖျက်မယ့် အထဲမှာ ပါတယ်လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်ကတော့ ပြင်ဆင် ပယ်ဖျက်မယ့် ဥပဒေပေါင်း ၄၀ လောက်ရှိကာ အမျိုးသားလွှတ်တော်မှာ ဥပဒေ ၂၀လောက်နဲ့ ပြည်သူ့လွှတ်တော်က ဥပဒေ ၂၀ လောက် ထက်ဝက်စီခွဲပြီး တင်သွင်းဖို့ရှိနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပုဒ်မ ၁၀ (ခ) အရ နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013