DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်အရပ်ရပ် လေပြင်းတိုက်နိုင်သေးဟု မိုးဇလ သတိပေး
DVB
·
April 28, 2016
မြန်မာပြည်အရပ်ရပ် လေပြင်းတိုက်နိုင်သေးဟု မိုးဇလ သတိပေး
Donate to DVB

မေလဆန်းပိုင်းကစလို့ မြန်မာပြည်အရပ်ရပ်မှာ မိုးတိမ်တောင်များဖြစ်ပေါ်ပြီး လေပြင်းတိုက်ခတ်၊ မိုးသီးကြွေ၊ မိုးကြိုးပစ် စတဲ့ ထူခြားဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်သေးတယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၇ ရက်ကနေ  မေလလယ်အထိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)တို့မှာ မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး ကချင်နဲ့ စစ်ကိုင်းအထက်မှာ မိုးပိုနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။

မိုးနဲ့အတူ မိုးထစ်ချုန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း စတဲ့ မိုးလေ၀သဖြစ်စဉ်များပါ ယှဉ်တွဲဖြစ်ပေါ်တတ်တယ်လို့လဲ မိုးဇလက သတိပေးထားပါတယ်။

မေလဆန်းကစပြီး မြန်မာပြည်မြောက်ပိုင်းကလွဲလို့ ကျန်ဒေသအသီးသီးမှာ နေ့အပူချိန်တွေ တိုးဦးမယ်၊ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသများမှာ ပုံမှန်အပူချိန်ထက် (၃-၄)ဒီဂရီလောက်အထိ တိုးလာနိုင်တယ်။ နေ့အပူချိန်တိုးရင် လေထုမငြိမ်မသက်ဖြစ်ပြီး မိုးတိမ်တောင်ဖြစ်ပေါ်မယ်။ မိုးတိမ်တောင်ကြောင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများသာမက အရပ်ရပ်မှာ မိုးရွာသွန်းမှုများနဲ့အတူ မိုးထစ်ချုန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း စတဲ့ ထူးခြားမိုးလေ၀သဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်တယ်။ သတိထားနေကြပါလို့ မိုးဇလက သတိပေးထားပါတယ်။

လတ်တလော မိုးလေ၀သခန့်မှန်းချက်များ ထုတ်ပြန်တာဖြစ်ပြီး ခန့်မှန်းချက်များ ပြောင်းလဲနိုင်တာမို့ နောက်ဆုံးရ တွေ့ရှိချက်တွေနဲ့ နေ့စဉ်မိုးလေ၀သခန့်မှန်းချက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ မိုးဇလသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013