DVB Logo
Home
မြန်မာသတင်း
သတင်းလွတ်လပ်ခွင့် မရှိသေးသည့်နိုင်ငံအဖြစ် မြန်မာနိုင်ငံ သတ်မှတ်ခံထားရဆဲ
DVB
·
April 28, 2016
သတင်းလွတ်လပ်ခွင့် မရှိသေးသည့်နိုင်ငံအဖြစ် မြန်မာနိုင်ငံ သတ်မှတ်ခံထားရဆဲ
1 / 3
Donate to DVB

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၉ နိုင်ငံမှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်က အဆင့် ၁၆၁ မှာ ရှိနေပြီး သတင်းလွတ်လပ်ခွင့် အဆိုးဆုံးအဖြစ် ရမှတ် ၁၀၀ နဲ့ တိုင်းတာရာမှာတော့ မြန်မာနိုင်ငံက ၇၃ မှတ် ရရှိပါတယ်။ဒါကတော့ ကမ္ဘာ့ နိုင်ငံတွေရဲ့ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး စောင့်ကြည့်မှုအဖွဲ့ကြီး Freedom House ရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာဖော်ပြလိုက်တာဖြစ်ပြီး ဆယ်စုနှစ် တခုကျော်အတွင်း ကမ္ဘာ့နိုင်ငံ တွေရဲ့ သတင်းလွတ်လပ်ခွင့်ဟာ အနိမ့်ဆုံး ရောက်ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

တဆက်တည်းမှာဘဲ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်မရှိသေးတဲ့ နိုင်ငံအဖြစ်သတ်မှတ်ခံ ထားရပါတယ်။

အာရှ-ပစိဖိတ်နိုင်ငံပေါင်း ၄၀ မှာတော့ မြန်မာနိုင်ငံဟာ အဆင့် ၃၄ ရောက်ရှိနေပြီး အဲဒီ့နိုင်ငံပေါင်း ၄၀ ထဲမှာမြောက်ကိုရီးယားက နောက်ဆုံးအဆင့် ၄၀ မှာပါဝင်နေပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းလွတ်လပ်ခွင့်ကို စောင့်ကြည့် လေ့လာနေတဲ့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF ရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ  ကမ္ဘာတ၀န်းလုံးအတိုင်းအတာနဲ့  သတင်းလွတ်လပ်ခွင့် ယိုယွင်း ကျဆင်းလာနေပြီး အထူးသဖြင့် လက်တင်အမေရိကနိုင်ငံတွေမှာ ပိုမိုဆိုးရွာလာကာ ၀ါဒဖြန့်ချိရေး ခေတ်သစ်ဖြစ်လာနေပြီလို့  ပြောပါတယ်။

ဒီအဖွဲ့ရဲ့ ဒီကနေ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ သတင်းလွတ်လပ်ခွင့်အရှိဆုံး ထိပ်တန်း ၅  နိုင်ငံကတော့ ဖင်လန်၊ နယ်သာလန်၊ နော်ဝေ၊ ဒိန်းမတ်နဲ့   နယူးဇီလန်နိုင်ငံတွေ ဖြစ်ပြီး သတင်းလွတ်လပ်ခွင့် အဆိုးရွာဆုံး အောက်ဆုံး ၅ နိုင်ငံ ကတော့ အီရီထရီးယား၊ မြောက်ကိုရီးယား၊ တခ်မန်နစ္စတန်၊ ဆီးရီးယားနဲ့ တရုတ်နိုင်ငံတွေ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ ဗီယက်နမ်က အဆင့် ၁၇၅ နဲ့အဆိုးဆုံးဖြစ်ပြီး လာအိုက ၁၇၃၊ စင်ကာပူက ၁၅၄၊ မလေးရှားက ၁၄၆၊ မြန်မာက ၁၄၃၊ ဖိလစ်ပိုင်က ၁၃၈၊ ထိုင်းက ၁၃၆၊ အင်ဒိုနီးရှားက ၁၃၀ နဲ့ ကမ္ဘောဒီးယားက ၁၂၈ အသီးသီးရပ်တည်နေပါတယ်လို့ နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF က ထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013