DVB Logo
Home
မြန်မာသတင်း
အာဟာရချို့တဲ့မှု လျှော့ချရန် ကလေးများ၏ ပထမဆုံး ရက် ၁၀၀၀ အရေးကြီးဆုံးဖြစ်
DVB
·
April 28, 2016
အာဟာရချို့တဲ့မှု လျှော့ချရန် ကလေးများ၏ ပထမဆုံး ရက် ၁၀၀၀ အရေးကြီးဆုံးဖြစ်
Donate to DVB

မြန်မာနိုင်ငံမှာ အာဟာရချို့တဲ့နှုန်းမြင့်မားနေပြီး လျှော့ချနိုင်ဖို့အတွက်ကတော့ ကလေးတွေရဲ့ ပထမဆုံး ရက် ၁၀၀၀ က အရေးအကြီးဆုံးပါလို့ အာဟာရဖွံ့ဖြိုးရေးနဲ့ သုတေသနဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။

အာဟာရချို့တဲ့ရင် မိခင်နဲ့ကလေးတွေ သေဆုံးနှုန်းမြင့်မားပြီး ပညာရေးမှာ နိမ့်ကျလာမှာ ဖြစ်ပါတယ်။ ရေရှည်အာဟာရချို့တဲ့မှုကြောင့် အရပ်ပုညှက်ပြီး မြန်မာနိုင်ငံမှာ ၅ နှစ်အောက် ကလေး သုံးယောက်မှာ တယောက်ဟာ ပုညှက်နေတာပါ။

အာဟာရချို့တဲ့တာကို လျှော့ချနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်ကနေ ၂ နှစ်ပြည့်တဲ့အထိ ရက်တစ်ထောင်က အရေးအကြီးဆုံး လည်းဖြစ်ပါတယ်။

“သန္ဓေသားဘ၀ကစဖို့ဆိုရင် ကိုယ်ဝန်ဆောင်မိခင်ရဲ့ အာဟာရက အရေးကြီးတယ်။ ပြီးရင် မိခင်နို့ တမျိုးတည်း တိုက်တာရယ်၊ ဖြည့်စွက်စာကျွေးတာရယ်အရေးကြီးတယ်။ ကိုယ်ဝန်ဆောင် အာဟာရ ပြည့်မီဖို့အတွက် ဘာက အရေးကြီးလည်းဆိုရင် ကိုယ်ဝန်မဆောင်မီ အာဟာရက အရေးကြီးပြန်တယ်။ ဒါအတွက် အပျိုဖော်ဝင် အာဟာရက အရေးကြီးတယ်။ အရေးအကြီးဆုံးကို ပြောပါဆိုရင်တော့ ကိုယ်ဝန် ဆောင်တဲ့ အချိန်ကနေ ကလေး ၂ နှစ်အထိ ပထမဆုံး ရက် ၁၀၀၀ က အရေးအကြီးဆုံးပဲ” လို့ ပြောပါတယ်။

အာဟာရချို့တဲ့ရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။

“လတ်တလောအကြောင်းရင်းကတော့ အစာကနေ အာဟာရရှိမှု မလုံလောက်တာ၊ ကူးစက် ရောဂါထူပြောတာ။ နောက်ခံအကြောင်းရင်းတွေကတော့ အိမ်ထောင်စုအဆင့် အစားအစာ ဖူလုံမှု၊ မိခင်နဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်မှု အားနည်းတာ၊ နောက်တစ်ခုက ကျန်းမာရေး စောင့်ရှောက်မှုနည်းတာတွေပါ။ ပညာရေး၊ ဆင်းရဲနွမ်းပါးမှု၊ လမ်းပန်းဆက်သွယ်ရေး၊ မူဝါဒ၊ ဒါတွေအားလုံး ပါ ပါတယ်”လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနဲ့ သုတေသန ဌာန ညွှန်ကြားရေးမှူး   ဒေါက်တာ မေခင်သန်းက ပြောပါတယ်။

ကလေးတွေ အာဟာရပြည့်ဝအောင် သုံးစွဲလိုက်တဲ့ ငွေကြေးအတွက်  ရေရှည်မှာ ကျန်းမာရေး ကုသစရိတ် မကုန်ကျတဲ့အပြင် ကလေးတွေအနေနဲ့ ပညာကောင်းကောင်း သင်နိုင်မှာ ဖြစ်သလို ၀င်ငွေတွေ ရလာမှာ ဖြစ်လို့ အစိုးရအတွက် အကျိုးအမြတ် ၁၆ ဆ အထိ ရလာနိုင်မှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ အာဟာရချို့တဲ့မှု အမြင့်ဆုံးဖြစ်နေပြီး ရခိုင်ပြည်နယ် ကတော့ မြန်မာနိုင်ငံမှာ အာဟာရချို့တဲ့မှု အမြင့်ဆုံးဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013