DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်အတွင်းမကြုံစဖူး ရေခန်းခြောက်မှုဖြစ်
DVB
·
April 28, 2016
ကယားပြည်နယ်အတွင်းမကြုံစဖူး ရေခန်းခြောက်မှုဖြစ်
1 / 3
Donate to DVB

ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုကြောင့် ကယားပြည်နယ်မှာ မကြုံစဖူး ရေခန်းခြောက်မှုတွေ ဧပြီလ ဆန်းပိုင်းလောက်ကစပြီး ဖြစ်ပေါ်နေပါတယ်။

ကယားပြည်နယ်လွိုင်ကော်မြို့တော် လွိုင်ကော်မြို့အတွင်းက ရပ်တော်တော်များများမှာပင်ရေခမ်း ခာက်မှုတွေဖြစ်ပွားနေပြီး တချို့ရပ်ကွက်တွေမှာဆိုရင် တွင်းရေတွေလုံးဝ ခန်းခြောက်နေ တယ်တယ်လို့ လွိုင်ကော်မြို့ ပန်ကားရပ်ကွက်မှာ နေထိုင်တဲ့ ဦးဒယ်နီရယ်က ပြောပါတယ်။

“တော်တော်များများ ရေရှားနေတာ။ ရပ်ကွက်တော်တော်များများကို ဖြစ်နေကြတာ။ အ၀ီစိတွင်း မရှိတဲ့ ရပ်ကွက်တွေအကုန်လုံး ဒုက္ခရောက်တာပဲ။ အ၀ိစိတွင်းရေပဲ ရေရတော့တယ်။ အ၀ီစိ မဟုတ်တဲ့တွင်းတွေ အကုန်ခန်းတယ်။ ခါးတိုင်းနှစ်ဆို ဒီလိုမဖြစ်ဖူးဘူး။ ကျနော့်တွင်းဆိုရင် တခါမှ မခြောက်ဖူးဘူးလေ။ ကျနော့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ရေတွင်းတွေ အနက်ကြီးတွေရှိတယ်။ တနှစ်မှ မခန်းဖူးဘူး။ ဒီနှစ်မှာ အကုန်ခမ်းတော့တာပဲ။”

ဒီလိုရေရှားပါးတဲ့အတွက် တချို့ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ တပိုင်တနိုင်အလှူရှင်တွေ သွားရောက်လှူဒါန်းမှုတွေရှိနေပေမယ့် သူတို့ရပ်ကွက်ကိုတော့ အလှူရှင်တွေမလာသေးဘူးလို့ လည်း ပြောပါတယ်။

ဒါ့ကြောင့် ဒီတပတ် ၂ ပတ်အတွင်းမှာကိုပဲ ရေတစည်ကို  ၂၅၀၀၊ ၃၀၀၀ ကျပ်ပေးဝယ်နေပေ မယ့် လာမပို့နိုင်တဲ့အနေအထားဖြစ်တယ်လို့လည်း ပြောပါတယ်။

“အလှူရှင်တွေက ဟိုဖက် ပါဒါးညင်း၊ ချိကယ်၊ နွားဖဘိုးဖက်ကိုသွားတာများတယ်။ ကျနော်တို့ဒီ ဖက်ပိုင်းကျတော့ ဘီလူးချောင်းရေကိုဝယ်တာပေါ့။ အဲဒါတောင်ဝယ်လို့မရဘူး။ ပို့တဲ့လူက မသယ်ပေးနိုင်ဘူးလေ။ ရေတစည်ကို နှစ်ထောင်ငါးရာ သုံးထောင်ဝယ်ရတယ်။ အဲဒါလည်း ၀ယ်လို့မရဖြစ်နေတယ်” လို့ ဦးဒယ်နီရယ်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကယားပြည်နယ် ဥက္က္ကဋ္ဌလည်းဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဖြစ်တဲ့ ဒေါက်တာခင်စည်သူကတော့ သူတတ်နိုင်သလောက် ရေအခက်အခဲရှိတဲ့ဒေကို ရေလှူဒါန်းတွေ၊ ကူညီပေးမှုတွေရှိနေပေမယ့် တချို့ဒေသတွေမှာ သတင်းအချက်အ လက် မတက်လာတဲ့အတွက် သွားမကူညီပေးနိုင်တာလည်း ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ ရေအခက်အခဲရှိတယ်ဆိုရင် တိကျမှန်ကန်တဲ့ သတင်းအချက် အလက်တွေနဲ့ ကူညီပေးပါလို့ ပြောပါတယ်။

 

“ဖြေရှင်းဖို့က အခုလျှပ်တပြတ်ကို ရွာက ကွန်ပလိန်း တက်မှရတာလေ။ ဘယ်နေရာ ဘာဖြစ်လဲဆိုတာ ကျမတို့ဆီရောက်မှ၊ သူတို့ တကယ်လိုအပ်တာကို တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို သူတို့ သတင်းပို့ရမှာကတော့ ပြည်သူလူထုရဲ့တာဝန်ဆိုတာ ပါတယ်လေ။ ပြည်သူလူထု တာဝန်က သူတို့ ပူးပေါင်းဆောင်ရွက်မှုက အနည်းဆုံးတော့ သတင်းပေးမှုတော့ တိကျမှန်ကန်ရ မယ်။ သူတို့က တိတိကျကျ မတက်လာရင် ကျမတို့က တက်လာတဲ့လူကိုပဲ ကျမတို့က လုပ်ပေးရသလိုဖြစ်ဖြစ်သွားတဲ့အခါကျတော့ ကျမတို့မှာ ပြီးပြည့်စုံတာတွေ မရှိတာတွေဖြစ် တတ်တာပေါ့နော်။ သူတို့ဆီကနေ တက်လာတဲ့ပေါ်မှာမူတည်ပြီး ကျမတို့ အမြန်လုပ်ရတာ ရှိတယ်၊ အနှေးလုပ်ရတာရှိတယ်ပေါ့နော်။ အဲဒီပုံနဲ့ ကျမတို့သွားနေပါတယ်ရှင်။”

ကယားပြည်နယ်အတွင်း လွိုင်ကော်၊ ဒီမောဆို၊ ဖားဆောင်း အစရှိတဲ့ မြို့နယ်တွေမှာ ဒီလအတွင်းမှာပင် ရေခန်းခြောက်တဲ့အတွက် ရေပြတ်လတ်မှုအခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အလှူရှင်တွေအနေနဲ့ အ၀ီစိတွင်းတွေ များများတူးနိုင်အောင် အကူအညီပေးဖို့လည်း ဦဒယ်နီရယ်က တောင်းဆိုသွားပါတယ်။

(ဓာတ်ပုံ -စောဒယ်နီရယ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013