DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ် ဈေးနှင့်ကြက်ခြံများတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု ရှိမရှိ စစ်ဆေး
DVB
·
April 27, 2016
အင်းတော်မြို့နယ် ဈေးနှင့်ကြက်ခြံများတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု ရှိမရှိ စစ်ဆေး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ဈေးတွေနဲ့ ကြက်ခြံတွေမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ရှိမရှိ စည်ပင်နဲ့ တိမွေးကုဌာနတို့က လိုက်လံစစ်ဆေးခဲ့ပါတယ်။

အင်းတော်မြို့နယ်အတွင်းရှိ မဲဇာဈေး၊ နဘားဈေးနဲ့ မော်လူးဈေးတွေကို လိုက်လံစစ်ဆေးခဲ့ပြီး ကြက်ငှက်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး လက်ကမ်းစာစောင်တွေ ဝေငှခဲ့ပါတယ်။

အင်းတော် တိမွေးကုဌာန ဦးစီးအရာရှိ ဒေါက်တာကျော်မင်းဦးက “ကျနော်တို့ ဧပြီ ၂၅ ရက်နေ့မှာ အင်းတော်မြို့မဈေး၊ ဧပြီ ၂၆ ရက်နေ့မှာ မဲဇာ၊ နဘား၊ မော်လူးဒေသမှာရှိတဲ့ ဈေးတွေကို ကျေးရွာအုပ်ရေးမှူးတွေပါတယ်၊ ပြီးတော့ စည်ပင်နဲ့ ကျနော်တို့ တိမွေးကုဌာနက စစ်ဆေးခဲ့ပါတယ်။ ဈေးတွေကို အဓိက စစ်တယ်ဆိုတာကတော့ ဈေးထဲကို ရောက်လာတဲ့ ကြက်သားကို ဘယ်ကနေသယ်ယူရောင်းချတာလဲ၊ ဒီမြို့နယ်အတွင်းကပဲလား၊ တခြားမြို့နယ်ကနေ သယ်လာတာလား၊ နောက်တစ်ခုက ကြက်ဥ၊ ငုံးဥ၊ ဘဲဥ ရှိတယ်။ အဲ့ဒီဥအမျိုးမျိုးကိုလည်း ဘယ်ကနေ သယ်ယူရောင်းချတာလဲ၊ အကယ်၍ ကျနော်တို့ မုံရွာဘက်ကနေ သယ်လာတာမျိုးဖြစ်မှာကြောင့်မို့ပါ။ ကျနော်တို့ အဓိက ဘာလုပ်ပေးလဲဆိုရင် ကြက်သား၊ ကြက်ဥ၊ ဘဲဥ ရောင်းချနေသူတွေကို လက်ကမ်းစာစောင်တွေ ဝေငှလိုက်ပါတယ်” လို့ ပြောပါတယ်။

အခုလို ဈေးတွေနဲ့ ကြက်ခြံတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်တာဟာလည်း သတိပေးတဲ့အနေနဲ့ ပြုလုပ်တာလို့ ဆိုပါတယ်။

“ကြက်သားရောင်းတဲ့ သူတွေက များသောအားဖြင့် ကိုယ်ခြံက ထွက်တာတွေ များတယ်၊ အကယ်၍ ကိုယ့်မြို့နယ်ကပဲ ရောင်းရောင်း၊ ကသာကနေပဲ ဝယ်ရောင်းရောင်း ကြက်ဆိုတာ ဝယ်ဝယ်ပြီးချင်း ရောင်းလို့မရဘူးလေ၊ သိုလှောင်ထားရသေးတယ်။ သိုလှောင်ထားတဲ့နေရာမှာ ထူးထူးခြားခြားနဲ့ သေတာမျိုး၊ ဗြုန်းခနဲ ဒိုင်းခနဲ သေတာမျိုး ပုံမှန်မဟုတ်တဲ့ဟာမျိုး တွေ့ပြီဆိုရင် ကျန်နော်တို့ဆီ အကြောင်းကြားဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးဆီ အကြောင်းကြားဖို့ လက်ကမ်းစာစောင်တွေ ဝေပေးခဲ့ပါတယ်။ H9 N2 ဟာ ကျနော်တို့ မုံရွာမှာဖြစ်နေတာပေါ့။ H5N1 ကော တွဲနေတယ်လို့လည်း ပြောတယ်။ ကျနော်တို့ဆီမှာ အခုအချိန်အထိ ကြက်ခြံတွေ စစ်ဆေးတာကော အခုရက်ပိုင်းမှာကော ဘာမှထူးထူးခြားခြားမတွေ့ရပါဘူး။ စစ်ဆေးတယ်ဆိုတာက တပ်လှန့်သတိပေးတာပါ ကိုယ်တိုင်းအတွင်းမှာလည်း ဖြစ်နေတော့ တပ်လှန့်တဲ့သဘောပါ။”

အခုအချိန်အထိ အင်းတော်မြို့နယ်မှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှု တစုံတရာ မတွေ့ရှိရသေးဘူးလို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013