DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ် ရွာ ၃ ရွာ ရေပြတ်၊ ရေအလှူများ လိုအပ်
DVB
·
April 27, 2016
ဂန့်ဂေါမြို့နယ် ရွာ ၃ ရွာ ရေပြတ်၊ ရေအလှူများ လိုအပ်
1 / 6
Donate to DVB

ဂန်ဂေါမြို့နယ်တွင်းက တဇန်းရွာ၊ လယ်ဓမ္မရွာနဲ့ ရောင်နက်ရွာ ၃ ရွာဟာ ဧပြီ လဆန်းကတည်းက သောက်သုံးရေ ခန်းခြောက်လာနေပြီး ရေအလှူတွေ လိုအပ်နေပါတယ်။

ရေပြတ်တဲ့ ရွာ ၃ ရွာဖြစ်တဲ့ ဂန်ဂေါမြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ ရောင်နက်ရွာ၊ ဂန့်ဂေါနဲ့ မိုင် ၄၀ ကျော်လောက်ဝေးတဲ့ လယ်ဓမ္မရွာ၊ မိုင် ၂၀ ကျော် ဝေးတဲ့ တဇန်းရွာတွေဖြစ်ပြီး  အလှူရှင်မပေါ်တဲ့အခါ ကျေးရွာနဲ့ ဝေးလံတဲ့ နေရာတွေဆီ ရေကို နွားလှည်းအသုံးပြုကာ ခက်ခဲစွာသယ်ယူနေကြရတယ်လို့ ရေသွားရောက်လှူဒါန်းနေတဲ့ ဂန့်ဂေါမြို့နယ်ရဲစခန်း ဒုရဲအုပ် မျိုးဇော်မြင့်က ပြောပါတယ်။ အနီးအနားက ရေလာရောက်လှူဒါန်းတာတွေ ရံဖန်ရံခါသာရှိတယ်လို့ ဆိုပါတယ်။

သောက်သုံးရေပြတ်လပ်နေတဲ့ ကျေးရွာတွေထဲက ရောင်နက်ရွာကို ဂန့်ဂေါခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့ ကနေပြီး ဧပြီ ၁၅ ရက်နေ့က ရေသန့်ဘူးကြီး ၃၀၀ တကြိမ်၊ လယ်ဓမ္မရွာကို ၂၆ ရက်နေ့က တကြိမ် ရေဂါလန် ၂၄၀၀ ကို တကြိမ် လှူဒါန်းခဲ့ပြီး တဇန်းရွာကိုလည်း သွားရောက်လှူဒါန်းဖို့ စီစဉ်နေတယ်လို့ ဒုရဲအုပ် မျိုးဇော်မြင့်က ပြောပါတယ်။

“လယ်ဓမ္မရွာကို အနားက ၅ မိုင်လောက်ဝေးတဲ့ ကျောကနေ လာလှူတယ်။ ရောင်နက်ကို မြစ်သာဆည်က လာလှူတယ်။ ရေတွင်းတွေကတော့ ခမ်းကုန်ပြီ။ အလှူရှင်မလာတဲ့အခါ ရေကို မျှသုံးကြရပါတယ်” လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

လက်ရှိအခြေအနေမှာ နောက်လအထိ သောက်ရေအခက်အခဲနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပြီး ရေအလှူရှင်တွေ လိုအပ်နေပြီး မြစ်သာဆည်မှ တာဝန်ရှိသူများအနေနဲ့လည်း အဲဒီရွာတွေမှာ ရေလှောင်ကန် တည်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

(သတင်း၊ ဓာတ်ပုံ - မင်းရဲစစ်နိုင်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013