DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး ပြန်ဦးမော့ရေး ဒေါ်အောင်ဆန်းစုကြည်အတွက် ခက်ခဲမည်ဟု ထိုင်းပညာရှင်များ သုံးသပ်
DVB
·
April 27, 2016
မြန်မာ့စီးပွားရေး ပြန်ဦးမော့ရေး ဒေါ်အောင်ဆန်းစုကြည်အတွက် ခက်ခဲမည်ဟု ထိုင်းပညာရှင်များ သုံးသပ်
Donate to DVB

ကျွမ်းကျင်လုပ်သားတွေ ရှားပါးတဲ့အတွက် ပထမဆုံး မြန်မာ့အရပ်သားအစိုးရက စီးပွားရေး အောင်မြင်မှု ရရှိအောင် ဆောင်ရွက်ဖို့ တာဝန်က ကြီးလေးတဲ့ တာဝန်တရပ် ဖြစ်တယ်လို့ ထိုင်းပညာရှင်တွေက ပြောပါတယ်။

ဧပြီ ၂၆ အောင်ဆန်းစုကြည် သို့ စစ်တပ် မြန်မာမှာ ဘယ်သူက အာဏာရှိသလဲဆိုတာနဲ့ပတ်သက်ပြီး ပညာရှင်တွေက ဆွေးနွေးရာမှာ ပြောလိုက်တာလို့ ထိုင်းဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည့်အနေနဲ့ စီးပွားရေး ပိုမိုကြွယ်ဝကောင်းမွန်ဖို့ တိုင်းပြည်ရဲ့ လုပ်အားနဲ့ မောင်းနှင်ဖို့၊ လာမယ့် ၅ နှစ်မှာ အာဆီယံ အသိုင်းအ၀န်းကနေ အကျိုးအမြတ်ရဖို့ ဒေါ်အောင်ဆန်းစုကြည်က အာရုံစိုက်ရမယ်လို့ ထိုင်းချူလာလောင်ကွန်တက္ကသိုလ် အရှေ့အာရှရေးရာ အင်စတီကျူက ဆန်မာ လောင်ဒန်ရောင်ချိုင်းကပြောပါတယ်။

မြန်မာအပြောင်းအလဲကြောင့် ထိုင်းက ဘဏ်လုပ်ငန်း၊ တယ်လီဖုန်းဆက်သွယ်ရေး၊ အတည်ချုပ်၊ ခရီးသွား၊ တည်ဆောက်ရေး၊ ငါးနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေက အကျိုးအမြတ်ရမယ်လို့လည်း သူက ပြောပါတယ်။

သြဂုတ်လက သတ်မှတ်တဲ့ အလုပ်သမားတွေအတွက် အနည်းဆုံး တနေ့တာ လုပ်အားခက ဘတ် ၁၁၀ ပဲ ရှိတဲ့အတွက် ထိုင်းရဲ့ တနေ့ဝင်ငွေနဲ့ ယှဉ်ရင် ၃ ပုံတပုံပဲ ရှိနေပါတယ်။ ဒီအတွက်လည်း ထိုင်းရင်းနှီးမြှုပ်နှံသူတွေက ၀င်ရောက်ရင်းနှီးဖို့ ဆွဲဆောင်မှုတခု ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း အောက်ခြေက အခြေအနေတွေကို သေချာစစ်ဆေးဖို့ ဆန်မာက သတိပေးထားပါတယ်။

အသက် ၇၁ နှစ် သမ္မတဟောင်း ဦးသိန်စိန်လက်ထက်မှာ လေးစားလောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေတယ်လို့ သုတေသီ နာတာပေါင် တန်ထရပ်ကူလ်ဆပ်က ပြောပါတယ်။

အစိုးရရဲ့ ဗြူရိုကရေစီထဲမှာ ထိရောက်မှုမရှိတဲ့ လုပ်ထုံးလုပ်နည်း ယန္တရားနဲ့ ခေတ်မမီတော့တဲ့ လုပ်ထုံးလုပ်နည်းတွေကို  ဖျက်သိမ်းဖို့က အစိုးရသစ်အတွက် ရည်မှန်းချက် ဖြစ်တယ်လို့ ပြောပါတယ်။

ထောက်ခံသူတွေ တိုင်းရင်းသား အုပ်စုနဲ့ စစ်တပ်ရဲ့ မြောက်မြားလှစွာသော မျှော်လင့်ချက်တွေကို သမ္မတ ဦးထင်ကျော်အစိုးရက ဖြေရှင်းရမှာဟာ ဓမ္မတာ ဖြစ်တယ်လို့လည်း ချုလာလောင်ကွန် နိုင်ငံရေး သိပ္ပံက လက်ထောက် ပါမောက္ခက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013