DVB Logo
Home
မြန်မာသတင်း
သူရဦးရွှေမန်းတို့ ထုတ်ပယ်ခံရမှု တိုင်းပြည်အတွက် ထိခိုက်မှုမရှိနိုင်ဟု သုံးသပ်
DVB
·
April 27, 2016
သူရဦးရွှေမန်းတို့ ထုတ်ပယ်ခံရမှု တိုင်းပြည်အတွက် ထိခိုက်မှုမရှိနိုင်ဟု သုံးသပ်
Donate to DVB

ပြည်ခိုင်ဖြိုးပါတီက ထိပ်တန်းခေါင်းဆောင် ၁၇ ဦး ထုတ်ပယ်ခံရတာဟာ ပါတီတွင်း အကွဲအပြဲသာဖြစ်ပြီး တိုင်းပြည်ကို ထိခိုက်မှုမရှိနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေ သူရဦးရွှေမန်း အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၁၇ ဦးကို ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဒါဟာ ပါတီရဲ့ အကွဲအပြဲသာဖြစ်ပြီး တိုင်းပြည်ကို ထိခိုက်နိုင်မှု မရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ပြည်သူလူထုဟာ ပြည်ခိုင်ဖြိုးပါတီကိုရော၊ ပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်တွေရော သူရဦးရွှေမန်း အပါအ၀င် လက်ရှိ ထုတ်ပယ်ခံလိုက်ရတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်တွေ အပေါ်မှာရော ယုံကြည်မှုမရှိဘူး၊ ထောက်ခံမှုမရှိဘူး၊ အားပေးမှုမရှိဘူးလို့ တွေ့ရတဲ့အတွက်ကြောင့်မို့ သူရဦးရွှေမန်း အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင် ၁၇ ယောက် ထုတ်ပယ်ခံရတာဟာ  ကျနော်တို့ ပြည်သူလူထုအတွက်တော့ ကြီးကြီးမားမား သက်ရောက်မှုရှိလာမယ်လို့ မထင်ဘူး။ နောက် မြန်မာပြည် နိုင်ငံရေး အပြောင်းအလဲပေါ်မှာလည်း ကြီးကြီးမားမား ရှိလာမယ်လို့ မထင်ဘူး။”

ပါတီကနေ ထုတ်ပယ်ခံရတာနဲ့ ပတ်သက်ပြီးတော့ သူရဦးရွှေမန်းကတော့ ဒီနေ့ ဧပြီ ၂၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပြီး အခုလို ထုတ်ပယ်တာဟာ တည်ဆဲ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတွေနဲ့ ညီညွတ်မှုရှိမရှိ သုံးသပ်ဆုံးဖြတ်ပေးဖို့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ပြောဆိုထားပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကတော့ “အခုလို အခြေအနေ ကြည့်ရတာကတော့ ကျနော်တို့အမြင်ကတော့ သူတို့ပါတီအတွင်းမှာတော့ ဂယက်ကြီးက ကြီးပါတယ်။ တိုင်းပြည်ကို ဂယက်ရိုက်နိုင်လောက်တဲ့အထိ ပြဿနာမရှိဘူးလို့ ထင်တယ်” လို့ ပြောပါတယ်။

အခုလို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် ၁၇ ဦး ထုတ်ပယ်ခံရတဲ့ကိစ္စဟာ သမ္မတဟောင်း ဦးသိန်းစိန် ပါတီရုံးကို တက်ရောက်တယ်ဆိုတဲ့ ရက်မှာပဲ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ထုတ်ပယ်ခံရတဲ့ လူစာရင်းမှာ သူရဦးရွှေမန်း၊ ဒု-ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဦးကိုကိုနိုင်၊ လက်ရှိ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဖြစ်နေတဲ့ သူရဦးအောင်ကို တို့နဲ့အတူ ဒေါက်တာခင်ရွှေတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013