DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွင်း စစ်တပ်က ထိုးစစ်ဆင်နေမှု ရပ်တန့်ရေး ဆန္ဒထုတ်ဖော်
DVB
·
April 27, 2016
ရခိုင်ပြည်နယ်အတွင်း စစ်တပ်က ထိုးစစ်ဆင်နေမှု ရပ်တန့်ရေး ဆန္ဒထုတ်ဖော်
1 / 3
Donate to DVB

ရခိုင်ပြည်နယ်အတွင်း အစိုးရစစ်တပ်က ထိုးစစ်ဆင်နေမှု၊ အပြစ်မဲ့ပြည်သူတွေကို ပေါ်တာဆွဲနေမှုနဲ့ လမ်းပြအဖြစ်ခေါ်ဆောင်နေမှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပြည်သူတွေ ဒီကနေ့ ဆန္ဒထုတ်ဖော်ကြပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မြတန်းဆောင်ဆရာတော် ဦးနန္ဒသာရကို ဒီဗွီဘီ ကမေးမြန်ရာ “ဒီပြဿာနာတွေကို ပြေလည်စေချင်တယ်ဆိုရင် တိုင်ရင်းသားတွေ ရပိုင်ခွင့်ဆိုတဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ တနည်းအားဖြင့် ဗမာ့ခေါင်းဆောင်တွေအနေနဲ့ အသိအမှတ်ပြုပေးဖို့ လိုအပ်တယ်။ သူတို့ရဲ့လိုအပ်ချက်တွေ၊ သူတို့ရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပြီး သူတို့ရသင့်တာကို အသိအမှတ်ပြုပေးလိုက်မယ်ဆိုရင် ဒီစစ်ပွဲတွေဟာ အကုန်ရပ်သွားမှာပါ။ ဦးဇင်းက အဲ့လိုပဲမြင်ပါတယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကိုကျော်လှမြင့်က ’’ကျနော်တို့ ဒီကနေ့ဆန္ဒပြရတာက ရခိုင်ပြည်နယ်ထဲမှာ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နေမှုတွေ ချက်ချင်းရပ်ပေးဖို့ နောက်ပြီး အပြစ်မဲ့ပြည်သူတွေကို စစ်တပ်က ပေါ်တာဆွဲနေမှုတွေ၊ ရက္ခိုင့်တပ်မတော် နှင့်ရခိုင်ပြည်သူများကို ခွဲခြား ဆက်ဆံနေတာတွေ ရပ်ပေးဖို့ လူအခွင့်အရေးချိုးဖောက်နေတာတွေ ရပ်ပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

ဆန္ဒပြသူတွေ  ရခိုင်ပြည်နယ်အတွင်း မြန်မာ့စစ်တပ်မှ ထိုးစစ်ဆင်နေမှုများ ရပ်တန့်ရေး--- ဒို့အရေး၊ ရက္ခိုင့်တပ်မတော် (အေအေ) အား နိုင်ငံရေးအရဖြေရှင်းပေးရေး----ဒို့အရေး၊ အတင်းအဓမ္မပေါ်တာဆွဲမှုများ ပပျောက်ရေး----ဒို့အရေး၊ မတရားဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ပေးရေး---ဒို့အရေး စတဲ့ကြွေးကြော်သံတွေနဲ့အတူ မြို့တပတ် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဒီကနေ့ ဆန္ဒပြပွဲကို ကျောက်တော်မြို့ သာသနာ့ဗိမာန်ကနေ နေ့လယ် ၁ နာရီအချိန် စထွက်ပြီး အဲ့ဒီကနေတဆင့် ကမ်းနားလမ်း၊ ဦးအောင်စံဝေ လမ်းစတဲ့ နေရာတွေကိုလှည့်လည်ပြီး လူအင်းအား ၁၅၀၀ လောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဧပြီ ၁၆ ရက်နေ့ကတည်းက အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေဟာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်မြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြရပြီး ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ နေကြရပါတယ်။

စစ်ပြေးရှောင်ဒုက္ခသည်တွေဟာ နေ့တိုင်းရောက် လာနေကာ ဒီနေ့အထိ ဒုက္ခသည် ၁၆၀၀ အထိ ရှိလာနေပြီး စားဝတ်နေရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း - ၀ဏ္ဏခွာညို၊၊ ဓာတ်ပုံ - ဦးဇင်းနန္ဒသာရ


 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013