DVB Logo
Home
မြန်မာသတင်း
ဦးညီညီလွင် (ရှင်ဂမ္ဘီရ)ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လ ချမှတ်
DVB
·
April 26, 2016
ဦးညီညီလွင် (ရှင်ဂမ္ဘီရ)ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လ ချမှတ်
Donate to DVB

ရွှေဝါရောင်အရေးအခင်းမှာ ရှင်ဂမ္ဘီရအဖြစ်ထင်ရှားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးညီညီလွင်ကို တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဒီကနေ့ မန္တလေးတိုင်း မဟာအောင်မြေ တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

“အခုလေးပဲ ကျနော့်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ ချခံရတာပေါ့နော်။ ဒီပုဒ်မ ၁၃ (၁) နဲ့ပေါ့။ ကျနော့်ကို မတရားဖမ်းပြီးတော့ မှန်ကန်တဲ့တရားစီရင်ရေး မဟုတ်ဘဲနဲ့ ကျနော့်ကို မရားစီရင်ပြီး ထောင်ဒဏ် ၆ လ ချတာဟာ ဒါမကျေနပ်စရာပဲ”လို့ ထောင်ဒဏ်ချမှတ်ခံရတဲ့ ဦးညီညီလွင်က ပြောပါတယ်။

ဒီလပိုင်းအတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေလွတ်လာတဲ့အပြင် နိုင်ငံရေးအမှုနဲ့ တရားရင် ဆိုင်နေရတဲ့သူတွေပါ လွတ်မြောက်နေတဲ့အချိန် ဦးညီညီလွင်ကို ထောင်ဒဏ်ချမှတ်လိုက်တာ ဟာမြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် အားနည်းနေတာကို ပြသနေတယ်လို့လည်းပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာ တော်တော်ကို ချိနဲ့အားနည်းနေတယ်။ အမှန်ကို အမှန်အတိုင်းမလုပ်ဘူး။ လုပ်သင့်တာကိုမလုပ်ဘူး။ အစိုးရသစ်ကနေ ထုတ်လိုက်တဲ့ ကြေညာချက်တွေ ညွန်ကြားချက်တွေအတိုင်း အောက်ခြေက မလုပ်ဘူးဆိုတာ အဲလို သဘောရ သွားတယ်။”

ဦးညီညီလွင်ရဲ့ အစ်မဖြစ်သူ မလွင်ကတော့ ဒီကနေ့ ပြန်လွတ်မယ်လို့ ထင်ထားခဲ့ပေမယ့် ထောင်ဒဏ်ချလိုက်တဲ့ အပေါ် တရားစီရင်ရေးကို ကန့်ကွက်တယ်လို့ ပြောပါတယ်။

“လျောက်လဲချက်အရ၊ တရားသူကြီးရဲ့ ကြားနာမှုအရအားလုံးက ဒါကြည့်ရင် လွှတ်ပေးသင့် တဲ့လူ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အနေနဲ့ ထောင်ထဲဆေးသောက် နေရတယ်။ ကျန်းမာရေး ကောင်းတဲ့သူမဟုတ်ဘူး။ အဲဒါကြောင့်မို့လို အမြန်ဆုံးတော့ လွှတ်ပေးသင့်တယ်။ ဒီအစိုးရသစ် မှာ ကျမထင်ထားတာက နိုင်ငံရေးအကျဉ်းသားဆိုတာ လုံးဝမရှိဘူးဆိုတာ သူတို့ရဲ့မူအရ ပေါ်လစီ အရ ကျမတို့ ထင်ထားတာ ဒီနေ့ လွတ်ကို လွတ်မယ်လို့ထင်တာ။ အခုဒီလိုမျိုး လုပ်လိုက်တာ ကတော့ ကျမတို့ မိသားစုက လုံးဝ တရားစီရင်ခြင်းကို ကန့်ကွက်တယ် ရှုတ်ချတယ်။ ”

ဦးညီညီလွင်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၆ လချမှတ်လိုက်ပေမယ့် ချုပ်ရက်တွေကို ထုတ်နုတ်ကျခံစေ ဆိုတဲ့ အမိန့်ပါတဲ့အတွက် ၃ လလောက်ထောင်မှာ အကျဉ်းကျခံနေရဦးမှာ ဖြစ်ပါတယ်။

၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရအဖြစ် ထင်ရှားခဲ့တဲ့ နိုင်ငံရေးအကျဉ်း သားဟောင်း ဦးညီညီလွင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြည်ပကနေ မန္တလေးမြို့ကို နိုင်ငံကူး လက်မှတ်လျှောက်ထားဖို့ ရောက်ရှိစဉ် ဇန်န၀ါရီ ၁၉ ရက်က တရားမ၀င်နယ်ခြားဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013