DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်တွင် ကမ္ဘာလှည့်ခရီးသည် ၂ ဦး မိုင်းနင်းမိ
DVB
·
April 26, 2016
ကျောက်မဲမြို့နယ်တွင် ကမ္ဘာလှည့်ခရီးသည် ၂ ဦး မိုင်းနင်းမိ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ ကမ္ဘာလှည့်ခရီးသည် ၂ ဦးနဲ့ ခရီးသွား ဧည့်လမ်းညွှန် ၁ ဦးတို့ ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက မိုင်းနင်းမိပြီး ဒဏ်ရာရသွားပါတယ်။

ကျောက်မဲရှိ တည်းခိုခန်းတစ်ခုမှာ လာရောက်တည်းခိုနေရင်းဧည့်လမ်းညွှန်နဲ့အတူ လမ်းလျှောက်ထွက်ရာက ကျောက်မဲမြို့ နမ့်ဆိမ်ချောင်း တဘက်ကမ်း ကွန်ကောက်ကျေးရွာအုပ်စု တော့ဖယ်ကျေးရွာနားမှာ မိုင်းနင်းမိခဲ့တာလို့ ကျောက်မဲလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီမှာ ပါသွားတဲ့ ခရီးသွားဧည့်လမ်းညွှန်ရဲ့ ဆွေမျိုးတယောက်က ကျောက်မဲရဲစခန်းကို အကြောင်းကြားလို့ ကျနော်တို့ကအခုသွားခေါ်ဖို့ ပြင်နေပါတယ်။ ဂျာမနီနိုင်ငံကလို့ ပြောတယ်။ အမျိုးသားကပေါင်နဲ့ လက်မှာထိတယ်။ အမျိုးသမီးက လက်မှာ၊ ဧည့်လမ်းညွှန်ကလည်း လက်မှာ ဒဏ်ရာရတယ်။ အခုသူတို့ကို ရွာသားတွေက စောင့်ရှောက်ထားတယ်တဲ့၊ ကျနော်တို့ကလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးဘက်ကရော၊ စရဖ၊ အက်စ်ဘီ၊ ထွေအုပ်၊ ရဲနဲ့ လ၀ကတွေ အကုန် အကြောင်းကြားပြီးမှ သွားလို့ရမှာလေ အခုဘဲသွားတော့မှာပါ။ ဒီကနေ အဲဒီရွာထိဆို တစ်နာ ရီလောက် သွားရမယ်။”

ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ အခင်ဖြစ်ပွားရာနေရာကိုရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရှိတဲ့ နေရာတွေကို ဖြတ်သန်းသွားရမယ်လို့ လည်းသူကဆက်ပြောပါတယ်။

နတ်စင်ချောင်းရဲ့ ဒီဘက်ကမ်းမှာ အာရ်စီအက်စ်အက်စ် ရှမ်းပြည်တပ်မတော်အဖွဲ့တွေ ရှိနေပြီး ချောင်းရဲ့တဖက်ကမ်း အခင်းဖြစ်တဲ့ရွာမှာတော့ တီအန်အယ်လ်အေ တအာင်းလက်နက်ကိုင် အဖွဲ့တွေ ရှိနေတာပါ။

ကျောက်မဲမြို့မရဲစခန်းကတော့ ကျောက်မဲနဲ့ မိုင် ၂၀ လောက် ဝေးတဲ့တောထဲမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီသတင်းနဲ့ပတ်သက်လို့ လိုက်လံသွားရောက် စုံစမ်းနေဆဲဖြစ်တဲ့အကြောင်း ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013