DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ဆိုင်ကယ်ခိုးသူ ၆ ဦးထံမှ ဆိုင်ကယ် ၁၈ စီး သိမ်းဆည်းရမိ
DVB
·
April 26, 2016
အင်းတော်တွင် ဆိုင်ကယ်ခိုးသူ ၆ ဦးထံမှ ဆိုင်ကယ် ၁၈ စီး သိမ်းဆည်းရမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့မှာ ဆိုင်ကယ်ခိုးသူ ၆ ဦးထံကနေ ဧပြီလ ၂၆ ရက်နေ့က ဆိုင်ကယ် ၁၈ စီး သိမ်းဆည်းရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းက စုံစမ်းသိရှိရ ပါတယ်။

ဧပြီ ၂၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်မှာ အင်းတော်မြို့မရဲစခန်းမှ တာဝန်ရှိသူတွေ လှည့်ကင်းဆောင်ရွက်နေစဉ် အင်းတော်မြို့ တြိဂံလမ်းဆုံအနီးမှာ အမည်မသိလူငယ် ၂ ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာမှ ခိုးယူထားတဲ့ဆိုင်ကယ်တွေကိုပါ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာပါ။

ဆိုင်ကယ်မောင်းနှင်တဲ့ ကောလင်းမြို့နယ် ခံသာအုပ်စု အောင်ရှမ်းကုန်းရွာနေ အသက် ၁၇ အရွယ် ကိုအောင်သန်းနိုင်နဲ့ ဆိုင်ကယ်နောက်မှ လိုက်ပါလာစီးနင်လာသူ ထီးချိုင့်မြို့နယ် ညောင်ပင်သာအုပ်စု ဥယျာဉ်စုရွာနေတဲ့ အသက် ၁၈ နှစ်အရွယ် ကိုရဲမင်းအောင် တို့ကို စစ်ဆေးရာ ကောလင်းမြို့နယ် ခံသာအုပ်စု ရှမ်းကုန်းရွာနေ အောင်သန်းနိုင်ရဲ့ နေအိမ်မှာ ဆိုင်ကယ် ၅ စီး ဝှက်ထားပြီး ၄င်းမှတဆင့် ငအိုးကျေးရွာနေ အောင်သက်ဝေနဲ့ ကျော်လင်းထက်တို့ထံ ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ အင်းတော်မြို့မ ရဲစခန်းမှ ရဲအုပ်သောင်းစိန်ထွန်းနဲ့ တပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့အတူ ဆိုင်ကယ် ၁၂ စီးကို ထပ်မံသိမ်းဆည်းနိုင်ခဲ့ပြီး စုစုပေါင်း ခိုးယူထားတါံ ဆိုင်ကယ် ၁၈ စီး သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အင်းတော်မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက“ကျနော်တို့စစ်ဆေးချက်အရ အခုလက်ရှိအချိန်အထိ တရားခံ ၆ ယောက် ဖမ်းဆီးရမိထားပါပြီ။ သူတို့အင်းတော်ကနေ ခိုးယူပြီး ရောင်းစားထားတဲ့ ဆိုင်ကယ်တွေကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ကျနော်တို့ အခု ဧပြီ ၂၆ ရက်နေ့အထိ ဆိုင်ကယ်အစီးရေ ၁၈ စီး သိမ်းဆည်းရမိထားပြီး ပိုင်ရှင်တွေထံ ပြန်လည်အပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့်ဆိုင်ကယ်ခိုးယူသူ ကိုမျိုး၊ ကိုရဲမင်းအောင်၊ ကိုရဲထွန်းအောင်နဲ့ အောင်သန်းနိုင်တို့အား ဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ အင်းတော်မြို့မရဲစခန်းက သိရပါတယ်။
သတင်း - ကိုကိုလင်း (အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013