DVB Logo
Home
မြန်မာသတင်း
ကြည့်မြင်တိုင် ဓားပြတိုက်မှု ရဲတပ်ဖွဲ့နှင့် စီအိုင်ဒီ ပူးပေါင်းစစ်ဆေးနေ
DVB
·
April 26, 2016
ကြည့်မြင်တိုင် ဓားပြတိုက်မှု ရဲတပ်ဖွဲ့နှင့် စီအိုင်ဒီ ပူးပေါင်းစစ်ဆေးနေ
1 / 2
Donate to DVB

ဒီနေ့ မနက်ပိုင်း ကြည်မြင်တိုင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်၊ ဓားစာခံကို ခေါ်ဆောင်မှုအတွက် ရဲတပ်ဖွဲ့နဲ့ မှုခင်းစုံစမ်းရေးဌာန (စီအိုင်ဒီ)တို့ ပူးပေါင်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဒေါက်တာဦးရွှေပြည်၊ ဇနီး၊ သား၊ သမီးနဲ့ အိမ်အကူတို့ နေထိုင်ကြတဲ့ ကြည့်မြင်တိုင်မြို့နယ် ဦလူနီလမ်း အိမ်အမှတ် ၂၀ မှာ ဧပြီ ၂၆ ရက်နေ့ မနက် ၁၀ နာရီ ၅ မိနစ်ဝန်းကျင်က ဓားပြတိုက်ကာ ဓားစာခံကို ခေါ်ဆောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ မနက်မှာ အမည်မသိ အသက် ၃၀ ဝန်းကျင်ရှိတဲ့ အမျိုးသားတဦးက အိမ်ထဲမှာ တိတ်တဆိတ် ၀င်ရောက်နေပြီး အသက် ၁၂ နှစ်ခန့်ရှိတဲ့ သမီးဖြစ်သူ မသီရိရွှေပြည်ကို ဓားထောက်ကာ သိန်း ၅၀ တောင်းခဲ့တယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

ဖခင်ဖြစ်သူ ဒေါက်တာရွှေပြည်က သမီးငယ်ကို လွှတ်ပေးဖို့ပြောပြီး သိန်း ၅၀ ပေးလိုက်ပေမယ့် ဖခင်ရော၊ သမီးကိုပါ ဓားထောက်ခြိမ်းခြောက်ကာ ဒေါက်တာရွှေပြည်ကို ကားမောင်းခိုင်းပြီး ဓားစာခံအဖြစ် ခေါ်သွားခဲ့တာပါ။

ဖခင်ဖြစ်သူ ဒေါက်တာရွှေပြည်နဲ့ သမီးဖြစ်သူ မသော်တာအောင်ကို ဟံသာဝတီလမ်းက ရွှေပ္ပလင် လက်ဖက်ရည်ဆိုင် အနီးမှာ ကားရပ်ခိုင်းပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဒီအမှုအတွက် ကြည်မြင်တိုင်မြို့နယ် မြို့နယ်မှုး ဦးစိုးသိန်း၊ နယ်ထိန်းရဲအုပ်အင်ချုပ် ဖြိုးဝေမင်း၊ ကြည်မြင်တိုင်မြို့နယ် စခန်းမှူး ဦးခင်မောင်ဆွေတို့နဲ့ စီအိုင်ဒီ က တာဝန်ရှိသူတွေက ပူးပေါင်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

(သတင်း၊ ဓာတ်ပုံ - ဟိန်းကို)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013