DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် လေပြင်းတိုက်ခတ်၊ လူနေအိမ် ၄ လုံး ပျက်စီး
DVB
·
April 26, 2016
မြိတ်တွင် လေပြင်းတိုက်ခတ်၊ လူနေအိမ် ၄ လုံး ပျက်စီး
1 / 3
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စု မုတ်ဆိတ်ကွင်းကျေးရွာမှာ ဧပြီလ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်အချိန်မှာ လေပြင်းတိုက်ခတ်မှု ကြောင့် ဓနိမိုး၊ ထရံကာ လူနေအိမ် ၄ လုံး ပျက်စီးသွားခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၄ လုံး ဆုံးရှုံးပျက်စီးခဲ့ပြီး ဆုံးရှုံးမှု ကာလတန်ဖိုး ငွေ ၃၅၅၅၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့တယ်လို့ ဒေသအာဏာပိုင်းအဖွဲ့စည်းတွေရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

လက်ရှိမှာ လေဘေးသင့် အိမ်ထောင်စု ၄ ခုရှိပြီး ကျား ၁၂ ဦး၊ မ ၁၁ ဦး စုစုပေါင်း ၂၃ ဦးတို့မှာ နီးစပ်ရာ ဆွေမျိုးတွေရဲ့ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်နေတယ်လို့ သိရပါတယ်။ လေပြင်း တိုက်ခတ်တာကြောင့် လူနှင့် တိရစ္ဆာန်များ သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

(သတင်း - မြတ်ထွဋ် - မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013