DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်းတွင် ကျောက်မီးသွေးထုတ်လုပ်မှု ရပ်တံ့ပေးရန် တောင်းဆို
DVB
·
April 26, 2016
ရှမ်းပြည်တောင်ပိုင်းတွင် ကျောက်မီးသွေးထုတ်လုပ်မှု ရပ်တံ့ပေးရန် တောင်းဆို
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တယားမြို့နယ်ခွဲ တီကျစ်ဒေသမှာ ကျောက်မီးသွေး ထုတ်လုပ်မှုလုပ်ငန်းတွေ ရပ်တံ့ပေးဖို့ ရွာသားပေါင်း ၂၀၀ ကျော်က  ၀ိုင်းဝန်းတောင်းဆိုခဲ့ ကြပါတယ်။

တီကျစ်ဒေသရှိ ဆိုင်းငင်း၊ လယ်ကြား၊ လယ်ထွီ၊ တောင်ပို့ကြီး၊ ပင်နီကုန်း၊ ဆည်ခေါင်း အစရှိတဲ့ ကျေးရွာအုပ်စုက  ရွာသားတွေဟာ ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းက တီကျစ်မြို့ဦးကျောင်းမှာ လာရောက်စုစည်းပြီး အဲဒီမှာ စီမံကိန်းလုပ်ငန်းနဲ့ပတ်သက်လို့ လာရောက်ရှင်းလင်းနေတဲ့ အင်ဂျင်နီယာနဲ့ ပညာရှင်တွေကို တောင်းဆိုဆန္ဒ ထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ရွာနားမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံ လာဆောက်ပြီးတဲ့နောက် အဲဒီစက်ရုံကထွက်တဲ့ မီးခိုးပြာတွေ၊ စွန့်ပစ်ပစ္စည်းတွေက ရွာသားတွေရဲ့ လူနေမှုဘ၀ကို ထိခိုက်နစ်နာစေတဲ့အတွက် လိုလားချက်တွေကို ဆန္ဒထုတ်ဖော်ခဲ့ တယ်လို့  ဆိုင်းငင်းရွာသား စိုင်းအောင်ဆန်းက ဒီဗွီဘီကို ပြောပါတယ်။

“စက်ရုံလာဆောက်ပြီးတဲ့နောက် ကျနော်တို့ရွာမှာ အခက်အခဲတွေ အများကြီးရှိလာတယ်။ အရင်ကတော့ ကြက်သွန်ခင်းတွေ၊ ကြက်သွန်နဲ့ ရေခြံလုပ်ငန်းတွေလုပ်ကြတယ်။ အခုနောက်ပိုင်း စိုက်ပျိုးရေးကောင်းကောင်းလုပ်လို့မရတော့ဘူး။ ကျနော်တို့သောက်သုံးတဲ့ ချောင်းရေက မသန့်ရှင်းဘူး။ ရေလည်းနည်းသွားတယ်။ ခြံထဲကို ရေမသွင်းနိုင်ဘူး။ စက်ရုံက ထွက်လာတဲ့ မီးခိုးတွေ ပြာတွေ စိုက်ခင်းထဲ ၀င်လာတယ်။ ရေချိုးရင် အရေပြားယားသလို ခံစားရတယ်။ အခုကျနော်တို့ အရင်လို လယ်ယာကောင်းကောင်းမလုပ်နိုင်လို့ ကြုံရာကျဘမ်းပဲ လုပ်ရတယ်။ အရင်စိုက်ပျိုးရေးလုပ်တုန်းကလို စီးပွားရေးေ ချာင်ချောင်လ ည်လည်မ ရှိဘူး။ စက်ရုံကတော့ လျော်ကြေးတော့ပေးတာပေါ့ ။ ဒါပေမယ့် တဧကကို ကျပ် ၂ သောင်းဘဲပေးတယ်။ ယူတဲ့သူလည်းယူ၊ မယူတဲ့သူလည်း မရဘူး။ သူတို့ကတော့ စီမံကိန်းဆက်လုပ်တယ်လေ။ အခုအစိုးရသစ်လက်ထက်မှာ ဒီကိစ္စ ဖြေရှင်းပေးစေချင်တယ်။ ကျနော်တို့ ရွာသားတွေရဲ့ အသံကိုလည်း နားထောင်ပေးစေချင်တယ်။”

ရွာသားတွေဟာ ကျောက်မီးသွေးစက်ရုံဖျက်သိမ်းပေးရေးအပြင် ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို လိုက်နာပေးဖို့၊ နိုင်ငံသားများအခွင့်အရေးကို ဥပဒေနဲ့အညီကာကွယ်ပေးဖို့၊ အစိုးရသစ်အနေနဲ့ လူထုအသံကို နားထောင်ပေးဖို့၊ အီးအိုင်အေ (  သဘာ၀၀န်းကျင်ဆန်းစစ်ခြင်း) လုပ်ငန်းစဉ် အလိုမရှိ စတဲ့အချက်တွေကို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကျောက်မီးသွေးစက်ရုံကုမ္ပဏီက ကိုယ်စားလှယ်တွေဟာ ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ရော တီကျစ်ဒေသခံ ပြည်သူတွေနဲ့ပါ တီကျစ်မြို့ဦးကျောင်းမှာ လာရောက်တွေ့ဆုံပြီး  ကျောက်မီးသွေး စက်ရုံရဲ့သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း ဆောင်ရွက်ထားရှိမှုကို ရှင်းပြခဲ့ပါတယ်။

ဒါပေမယ့် ရွာသားတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာလူထုမဟာမိတ့် အဖွှဲမှ ကိုမိုးကတော့ သူတို့ရှင်းပြချက်တွေဟာ တိကျခိုင်လုံမှုတွေ မရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒုအင်ဂျင်နီယာချုပ်က ကျောက်မီးသွေးစက်ရုံကို တရုတ်နည်းပညာနဲ့ ၁၀ နှစ်လည်ပတ်ခဲ့ပေမယ့် မျှော်မှန်းထားတာထက် တ၀က်လောက်ပဲ ထွက်တယ်။ ပတ်ဝန်းကျင် ထိခိုက်မှုကိုတော့ ယေဘုယျပဲ ပြောခဲ့တယ်။ တရုတ်ကုမ္ပဏီ (ဝူးရှီးကွာဟမ်း)ကတော့ အခုစက်ရုံ အတွက်စာချူပ်ဟာ ၂၂ နှစ်လုပ်ကိုင်ခွင့် ရထားပြီး အခိုးအငွေ့နဲ့ ဆာလဖာ ကို ဘယ်လိုစနစ်နဲ့ ထိန်းကြောင်းမယ် ဆိုတာကို မပြောသွားဘူး။ ရေအသုံးပြုမှုဟာ တစ်ရက်ကို ရေဂါလံ ၄၀၀၀၀ အသုံးပြု မယ်လို့ဘဲသိရပြီး ရေကို ဘယ်လိုရယူမယ်ဆိုတာမပြောပြပါဘူး။ အခုတီကျစ်နဲ့ အနီးတဝိုက် မှာ ရေချိုရှားပါးမှုတွေ ဖြစ်နေတယ်။ အင်းလေးကန်ရဲ့ ရေဝေရေလဲဒေသထိခိုက်မှုကိုလည်း ထည့်သွင်းစဉ်းစားခြင်း မရှိပါဘူး။ စွန့်ပစ်ပြာအကြောင်းပြောတဲ့အခါမှာ ပြာထဲမှာ ပါဝင်တဲ့ အဆိပ်ပစ္စည်းတွေ အကြောင်းမပြောပြဘဲ စွန့်ပစ်ပြာများကို ဘိလပ်မြေ စက်ရုံပို့မယ်ဆိုတာပဲ ပြောပြသွားပါတယ်။ အဆိပ်ပြာတွေကို အသုံးပြုရင် နောက်ဆက်တွဲ ဆိုးကျိုးကတော့  လူထုတရပ်လုံးကို ထိခိုက်တာပါဘဲ။ ဒါကြောင့် ရွာသားတွေက ဆန္ဒထုတ်ဖော်ရ တာဖြစ်တယ်။”

ဒီ လူထုဆနထုတ်ဖော်ပွဲကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတဲက လုပ်ဆောင်ဖို့  စီစဉ်ထားပေမယ့် ရွှေးကောက်ပွဲနဲ့ နိုင်ငံရေးအကျပ်အတည်းဖြစ်မှာစိုးတဲ့အတွက် ရွှေ့ဆိုင်းထားတာလို့ ကိုမိုးက ပြောပါတယ်။

တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ရှိရာဒေသထဲမှာ ကျေးရွာအုပ်စုပေါင်း  ၇ ရွာနဲ့ လူနေအိမ်ခြေ တစ်ထောင်ကျော် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013