DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့နယ်တွင် လူငယ်တဦး မီးရထားကြိတ် သေဆုံး‬
DVB
·
April 25, 2016
တောင်တွင်းကြီးမြို့နယ်တွင် လူငယ်တဦး မီးရထားကြိတ် သေဆုံး‬
Donate to DVB

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က လူငယ်တဦး မီးရထားသံလမ်းပေါ်မှာ အိပ်ပျော်နေစဉ် မီးရထားကြိတ်မိပြီး သေဆုံးခဲ့ပါတယ်။

ရန်ကုန်မြို့ကို မောင်းနှင်လာတဲ့ ပခုက္ကူ-ရန်ကုန် အစုန်ရထားဟာ တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်ကျေးရွာဘူတာတောင်ဘက် တဖာလုံခန့်အကွာ မီးရထားလမ်း မိုင်တိုင်အမှတ် ၂၃၉/၅ နဲ့ ၂၃၉/၆ ကြားအရောက် မီးရထားသံလမ်းပေါ်မှာ အိပ်နေတဲ့ မောင်အောင်ကိုဦးကို ရထားကြိတ်မိခဲ့တာဖြစ်ပါတယ်။

တောင်တွင်းကြီးမြို့နယ်၊ ယာကြီးတောအုပ်စု၊ အောင်မြင်သာကျေးရွာနေ အသက် ၂၈ နှစ် အရွယ်ရှိ မောင်အောင်ကိုဦး ကို ရထားကြိတ်မိတဲ့အတွက် ဦးခေါင်းပြတ်ဒဏ်ရာ၊ ယာခြေကျင်းဝတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်/မဟုတ် စစ်ဆေးနိုင်ဖို့ ဆတ်သွားရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၆)နဲ့ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - သားကြီး (တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013