DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်၌ လေပြင်းတိုက်ခတ် ၃ ဦးသေဆုံး၊ နေအိမ် ၂၆၀၀ ကျော်ပျက်စီး
DVB
·
April 25, 2016
ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်၌ လေပြင်းတိုက်ခတ် ၃ ဦးသေဆုံး၊ နေအိမ် ၂၆၀၀ ကျော်ပျက်စီး
1 / 5
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှာ ဧပြီ ၂၂ ရက် ညနေက မိနစ် ၂၀ ကျော်ကြာ တိုက်ခတ်သွားတဲ့ လေပြင်းမုန်တိုင်းကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီးတဦးကိုတော့ ရှာဖွေနေဆဲဖြစ်ပါတယ်။

မုန်တိုင်းဒဏ်ကြောင့် နွား ၂၇ ကောင်လည်း သေဆုံးခဲ့ပြီး ကျေးရွာ ၅၄ ရွာမှာရှိတဲ့ လူနေအိမ် ၂၆၀၀ ကျော်ပျက်စီးကာ ဘုန်းကြီးကျောင်း ၅၂ ကျောင်း၊ စာသင်ကျောင်း ၄၃ ကျောင်းနဲ့ ဆေးပေးခန်း ၄ ခန်းလည်း ပျက်စီးခဲ့ပါတယ်။

ဒီအထဲမှာ အမိုးအကာတွေနဲ့ သာမန်ပျက်စီးမှုက နေအိမ် ၂၆၅၇ လုံးရှိခဲ့ပြီး လုံးဝပြိုကျ ပျက်စီးခဲ့တာကတော့ ၇၉ လုံးရှိခဲ့ပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရန်ပုံငွေ ၁၀ သိန်းလှူဒါန်းခဲ့ပြီး ပြန်လည် ကယ်ဆယ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်နေပါတယ်။ အဲဒီဒေသမှာ လူမှုကယ်ဆယ်ရေး အဖွဲ့တွေအားနည်းတာအပြင် အခြားကယ်ဆယ်ရေးအဖွဲ့တွေလည်း မရောက်ရှိသေးဘူးလို့လည်း သိရပါတယ်။

ဒေသခံတွေအနေနဲ့ အမိုးအကာများနဲ့ နေအိမ်တွေပြန်လည်ပြုပြင်ဖို့ အိမ်ဆောက်ပစ္စည်း ကိရိယာတွေအပြင် ဆန်၊ ဆီ၊ ဆေး အစရှိတဲ့ စားသောက်ကုန် အကူအညီတွေလည်း လိုအပ်နေ ပါတယ်။

လေပြင်းတွေတိုက်ခတ်နိုင်တယ်လို့ မိုးဇလဌာနက နိုင်ငံပိုင်မီဒီယာတွေကနေ ကြိုတင်ကြေညာ ထားပေမယ့် ဒေသခံတွေအနေနဲ့ ကတော့ မသိရှိကြဘူးလို့လည်း ပြောပါတယ်။
(ဓာတ်ပုံ - CJ ဖိုးသား)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013