DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်၌ လေပြင်းတိုက်မိုးသီးကြွေကျ၊ လူနေအိမ်နှင့် စိုက်ခင်းများ ပျက်စီး
DVB
·
April 25, 2016
ခင်ဦးမြို့နယ်၌ လေပြင်းတိုက်မိုးသီးကြွေကျ၊ လူနေအိမ်နှင့် စိုက်ခင်းများ ပျက်စီး
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ မန်ကျည်းအုပ်၊ ရာတော်၊ ကျွန်းတောကြီး၊ မြင်းကျစတဲ့ရွာတွေမှာ ဧပြီ ၂၂ ရက်က လေပြင်းတိုက်ပြီး မိုးသီးကြွေကျမှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ နေအိမ်တွေနဲ့ စိုက်ခင်းတွေ ပျက်စီးသွားပါတယ်။

သဘာဝဘေးဒဏ်ကြောင့် လူအသေအပျောက်မရှိခဲ့ပေမယ့် မိုးသီးမှန်လို့ ဆေးရုံတက်ရသူတချို့ ရှိခဲ့ပြီး စိုက်ပျိုးရေးနဲ့ ပြန်လည်ထူထောင်ရေးတို့အတွက် အခက်အခဲဖြစ်နေလို့ သက်ဆိုင်ရာက အမြန်ဆုံး ကူညီဆောင်ရွက်ပေးစေချင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လေပြင်းတိုက်ခတ် မိုးသီးဒဏ် အကြီးကျယ်ခံခဲ့ရတဲ့ ခင်ဦးမြို့နယ် မြင်းကျကျေးရွာက အိမ်ခြေ ၃၀၀ မှာ အိမ်ခြေ ၂၇၀ ခန့် ပျက်စီးခဲ့ပြီး ပဲတီစိမ်း၊ ငှက်ပျော၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်၊ ပြောင်းဖူး၊ ကြံအပါအ၀င် စိုက်ပျိုးသီးနှံများ ဆုံးရှုံးကာ တောင်သူလယ်သမားတွေအတွက် အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

မနေ့က စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သဘာဝဘေးဒဏ်သင့်ရွာတွေကို သွားရောက် နှစ်သိမ့်အားပေးခဲ့တယ်လို့ သိရပါတယ်။
(သတင်း၊ ဓာတ်ပုံ - အောင်ကိုလတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013