DVB Logo
Home
မြန်မာသတင်း
ကချင်နှင့် ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆန္ဒပြ
DVB
·
April 25, 2016
ကချင်နှင့် ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆန္ဒပြ
1 / 4
Donate to DVB

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အပါဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွင်း မြို့တချို့တို့မှာ ကချင်တိုင်းရင်းသားတွေက မူးယစ်ဆေးတိုက်ဖျက်ရေးနေ့ ကျင်းပပြီး မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ဒီကနေ့ မြို့တွင်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့ကို မူးယစ်ဆေးဝါးဒဏ်ခံစားခဲ့ရတဲ့ ထောင်နဲ့ချီတဲ့လူထုတွေစုပေါင်းပြီး ကချင် အမျိုးသားများ မူးယစ်ဆေးတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၄ ခုနှစ်ကတည်းက စတင်ကျင်းပလာ ခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနား ကချင်မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးတန်ဂွန်းက “ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မှာက မူးယစ်ဆေးဝါးဒဏ်ခံစားခဲ့ရတာက တော်တော်ဆိုးရွား နေတဲ့ အခြေအနေ ရှိပါတယ်။ ဒါကို မခံနိုင်တော့တဲ့အခြေအနေ ပြည်သူတွေမှာ သီးမခံနိုင်တော့တဲ့ အခြေအနေ တောင်ရောက်ပါတယ်။ ဒါကို ဘယ်လိုလုပ်ကြမလဲဆိုတာကို အသင်းတော်တွေ၊ လူထုက လူငယ်တွေရော၊ ကျောင်းသားတွေရော အာလုံးစုပြီးမှ ၀ိုင်းပြီးဆွေးနွေးပြောဆိုကြတယ်။ တဖြည်းဖြည်း အဖြေထွက်တယ်။ ဒါကို လူထုကို တင်ပြတယ်။ဆိုတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လူထုအနေနဲ့ လုပ်ဆောင်မှ အောင်မြင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိလာတယ်။ ဒါကို ပြည်သူလုထုအားလုံး ပါဝင်ပြီးမှ ၂၀၁၄ ခုနှစ်တုန်းက ဆွေးနွေးတဲ့အချိန်မှာ ဧပြီ ၂၅ ရက်နေ့ကနေ စတင်ရအောင်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပါတယ်။ ဆိုတော့ အဲဒီနေ့ကို ကချင်မူးယစ်တိုက်ဖျက်ရေးနေ့ဆိုပြီး သတ်မှတ်ပြီးမှ နှစ်စဉ်နှစ်တိုင်း ဧပြီ ၂၅ ရက်နေ့မှာ အခမ်းအနားကို လုပ်ဆောင်သွားဖို့ တပါတည်း ဆုံးဖြတ်ထားတာ။”

ဒီကနေ့ ကျရောက်တဲ့ ကချင်အမျိုးသားများ မူးယစ်ဆေးတိုက်ဖျက်ရေးနေ့ကို မြစ်ကြီးနား၊ တနိုင်း၊ ပူတာအိုမြို့ တွေအပြင် ကေအိုင်အေ ဌာနချုပ် လိုင်ဇာ၊ ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ လာရှိုး၊ ကွတ်ခိုင်မြို့တွေမှာလည်း အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

ဒီလိုကျင်းပရာမှာ တချို့မြို့တွေက လူထုတွေချီတက်ပြီး ကချင်ပြည်မူးယစ်ဆေး ပပျောက်ရေး ဒို့အရေး၊ ဘိန်းစိုက်ပျိုးသူ ဒို့ရန်သူ၊ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ၊ မူးယစ်ဆေးဝါး ဒို့မလိုလား အစရှိတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ချီတက်ခဲ့ကြပါတယ်။

တချို့မြို့တွေမှာတော့ ဆုတောင်းပွဲတွေကျင်းပတာ၊ အားကစားကျင်းပတာတွေ၊ လူထုကို မူးယစ်ဆေးဝါး အန္တရာယ်နဲ့ ပတ်သက်ပြီး ဟောပြောတာတွေ၊ သတိပေးနိုးဆော်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပြဿ နာတွေ တနေ့တခြား ဆိုးရွားလာတာကြောင့် လူထူထုက ဦးဆောင်ပြီး ကချင်လူထု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (pat jasan) ဖွဲ့စည်းထားကာ လူထုပညာပေးရေးနဲ့ ဘိန်းခင်းတွေကိုလည်း သွားရောက်ဖျက်စီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
(ဓာတ်ပုံ - Tang Goon Nhkum)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013