DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်လက်ထက် နေပြည်တော်စည်ပင်တရားရုံးက တောင်သူ ၈ ဦးကို ကျူးကျော်မှုဖြင့် တရားစွဲ
DVB
·
April 25, 2016
အစိုးရသစ်လက်ထက် နေပြည်တော်စည်ပင်တရားရုံးက တောင်သူ ၈ ဦးကို ကျူးကျော်မှုဖြင့် တရားစွဲ
Donate to DVB

နေပြည်တော် စည်ပင်သာယာရေးတရားရုံးကနေ တောင်သူ ၈ ဦးကို နေပြည်တော် စီမံကိန်းနယ်မြေ ကျူးကျော်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

နေပြည်တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၆ ပြစ်မှုကို ကျူးလွန်ကြောင်းစွပ်စွဲထားပြီး တရားသူကြီးရှေ့မှောက်မှာ စွဲချက်ကို ထုချေရှင်းလင်းဖို့ ဧပြီလ ၂၈ ရက် ကိုယ်တိုင် မပျက်မကွက် လာရောက်ရမယ်လို့ နေပြည်တော် စည်ပင်သာယာရေးတရားရုံး ဇမ္ဗူသီရိမြို့နယ် တရားသူကြီးက သမ္မာန်စာပေးပို့ထားတာပါ။

လယ်ယာမြေ ၅ ဧကနီးပါးသိမ်းဆည်းခံရပြီး တရားပါစွဲခံနေရတဲ့ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်တိုးချဲ့ရပ်ကွက်နေ တောင်သူ ဦးတင်ဝင်းက အခုလို ပြောပါတယ်။
“၂၀၀၉ ခုနှစ်က စီမံကိန်းအတွက်သိမ်းတယ်ဆိုပြီး သီးနှံလျော်ကြေး တစ်ဧကကို သုံးသိန်းခွဲပဲ ပေးတယ်။ ၂၀၁၅ ခုနှစ်ကုန်ကာနီးလောက်မှာ စီမံကိန်းကနေ ကျန်တဲ့အကွက်လေးတွေကို နေပြည်တော်စည်ပင်က ရောင်းစားတယ်။ ၀ယ်တဲ့သူကို ကျနော်တို့က သွားတားတယ်။ ပြီးတော့ ကျွန်တော်သိမ်းဆည်းခံရပြီး ဘာမှမလုပ်ဘဲ ကျန်တဲ့အကွက်တွေကို ခြံစည်းရိုးခတ်လိုက်တယ်။ အခု ဧပြီ ၈ ရက်နေ့မှာ စည်ပင်တရားရုံးက စည်ပင်ကျုးကျော်ပုဒ်မ ၂၆ တရားစွဲခံထားရပါတယ်”

ဒက္ခိဏသီရိ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကတော့ “ဒီဆင့်ခေါ်စာကို ဖတ်ကြည့်တော့ တရားစွဲတဲ့ တရားလိုပုဂ္ဂိုလ်၊ အဖွဲ့အစည်းရဲ့ နာမည်မပါဘူး။ ဒါတွေနဲ့ပတ်သက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌကို ဒီနေ့ တင်ပြသွားမယ်”လို့ ပြောပါတယ်။

ဒါ့အပြင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်တရာရုံးမှာ ဗိုလ်ချုပ်ကြီးဝေလွင်(ငြိမ်း)ရဲ့ ဇနီး ဒေါ်ဆွေဆွေဦးက တရားလိုလုပ်ပြီး တရားစွဲထားတဲ့ တောင်သူ ၁၁ ဦးနဲ့ ဗိုလ်မှူး ခင်မောင်ဝင်း(ငြိမ်း)က တရားလိုလုပ်တရားစွဲထားတဲ့ တောင်သူ ၁၃ ဦး တို့ကိုလည်း တရားစွဲဆို ထားတယ်လို့ ဦးသန့်ဇင်ထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013