DVB Logo
Home
မြန်မာသတင်း
နမ့်စန်မြို့နယ်တွင် အမျိုးသမီးတဦးထံက စိတ်ကြွဆေးပြား ထောင်ကျော် ဖမ်းမိ
DVB
·
April 25, 2016
နမ့်စန်မြို့နယ်တွင် အမျိုးသမီးတဦးထံက စိတ်ကြွဆေးပြား ထောင်ကျော် ဖမ်းမိ
1 / 3
Donate to DVB

ဧပြီလ ၂၄ ရက်နေ့က နမ့်စန်မြို့နယ် မိုင်းစိတ်ကျေးရွာမှာ အမျိုးသမီးထံကနေ စိတ်ကြွဆေးပြား ထောင်ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် မိုင်းစိတ်ကျေးရွာ အမှတ် ၄ ရပ်ကွက်မှာနေ မတင်ရီငွေ အိမ်ကို မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ သတင်းအရ နားရိုင်းပြည်သူ့စစ်အဖွဲ့၊ စရဖ၊ ရဲတပ်ဖွဲ့တို့က ၀င်ရောက်ဖမ်းဆီးခဲ့ရာ စိတ်ကြွဆေးပြား ၁၅၉၅ ပြား ဖမ်းဆီးရမိခဲ့ပါတယ်။

စိတ်ကြွဆေးနဲ့ ဖမ်းမိခဲ့တဲ့ မတင်ငွေရီထံကနေ wy အမှတ်တံဆိပ်ပါ ပန်းရောင်ဆေးပြား ၁၅၉၅ ပြားနဲ့အတူ ငွေကျပ် ၁ သိန်းကို တွေ့ရတဲ့အတွက် နမ့်စန်ရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
(သတင်း၊ ဓာတ်ပုံ - သန်းစိုးအောင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013