DVB Logo
Home
မြန်မာသတင်း
ကသာခရိုင်တွင်း မိုးသက်လေပြင်းကြောင့် လူနေအိမ် ၆၀ ကျော်အမိုးများပျက်စီး၊ နွား ၅ ကောင် မိုးကြိုးထိမှန် သေဆုံး
DVB
·
April 25, 2016
ကသာခရိုင်တွင်း မိုးသက်လေပြင်းကြောင့် လူနေအိမ် ၆၀ ကျော်အမိုးများပျက်စီး၊ နွား ၅ ကောင် မိုးကြိုးထိမှန် သေဆုံး
1 / 9
Donate to DVB

ကသာခရိုင်အတွင်းရှိ မြို့နယ်လေးမြို့မှာ မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၆၀ ကျော် အမိုးတွေ ပျက်စီးခဲ့ပြီး နွားငါးကောင်မိုးကြိုးထိမှန်သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်းရှိ ကသာခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်ဖြစ်တဲ့ ကသာ၊ အင်းတော်၊ ဝန်းသိုမြို့နယ်နဲ့ ကောလင်းမြို့နယ်တွေမှာ ဧပြီ ၂၄ ရက်နေ့ မိုးသက်လေပြင်း တိုက်ခိုက်တဲ့အတွက် လူနေအိမ် ၆၀ ကျော် အမိုးများပျက်စီးပြီး ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတချို့ သွပ်တွေ ပျက်စီးခဲ့ကာ နွား ၅ ကောင်မိုးကြိုးထိမှန်သေဆုံးခဲ့တယ်လို့ ကသာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စုံစမ်းသိရပါတယ်။

ကသာခရိုင်းအတွင်း သဘာဝဘေးအန္တရာယ်ကျနေရာက်ဒေသတွေကို သွားရောက်ပြီး ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ကသာခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က ပြောပါတယ်။
“ကသာခရိုင်အတွင်းရှိ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေကလည်း သဘာဝဘေး အန္တရာယ်ကျရောက်တဲ့ ဒေသတွေကို သွားရောက်ပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းတွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့တွေ၊ အထောက်အကူပြုကော်မတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကွင်းဆင်းဆောင်ရွက်နေတယ်။”

ဒါ့အပြင် အင်းတော်မြို့နယ်တွင်းရှိ ဂျုံးဂျုံးဂျကျေးရွာ၊ လယ်ပြင်ရွာ၊ မအူကုန်းရွာ၊ ပိန်းအင်းရွာ၊ သောင်မြင်းရွာတွေမှာ ဧပြီ ၂၄ ရက် မနက် ၂ နာရီခန့် အချိန် မိုးသက်လေပြင်း တိုက်ခိုက်ခဲ့ပြီး လူနေအိမ် ၂၀ ကျော်အမိုးတွေ လှန်ထွက်ပျက်စီးခဲ့ကာ အင်းတော်မြို့နယ် ပုန်းဟုန်ကျေးရွာအုပ်စု တောင်ဖီလာကျေးရွာနေ ဦးကျော်ဆန်းနေအိမ်အောက်မှာ ချည်နှောင်ထားတဲ့ ၇ မိုးခန့်ရှိ ခိုင်းနွားအထီး ၂ ကောင်မိုးကြိုးထိမှန်သေဆုံးခဲ့တယ်လို့ ကသာခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနကို ဧပြီ၂၄ ရက်ည ၆ နာရီအချိန်အထိ ရောက်ရှိလာတဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013