DVB Logo
Home
မြန်မာသတင်း
မိုးသီးကြွေမှုကြောင့် စဥ့်ကိုင်မြို့နယ်တွင် ရွာ ၅ ရွာ လုံးဝပျက်စီး
DVB
·
April 25, 2016
မိုးသီးကြွေမှုကြောင့် စဥ့်ကိုင်မြို့နယ်တွင် ရွာ ၅ ရွာ လုံးဝပျက်စီး
Donate to DVB

မိုးသီးကြွေကျမှုကြောင့် မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်အတွင်းက ကျေးရွာ ၅ ရွာဟာ ရွာလုံးကျွတ်ပျက်စီးသွားပြီး ကျန်တဲ့ရွာတချို့လည်း ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ စဥ့်ကိုင် အန်အယ်လ်ဒီ အမတ် ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

“မိုးသီးတွေကျပြီးတော့ ဒီသွပ်ပြားတွေက စက္ကူကိုလုံးခြေပြီးတော့ အပေါက်တွေဖောက်သလိုတွေ တော်တော်များများဖြစ်ကုန်တာလေ။ အခုမိုးဆက်မရွာတော့ ဒီလိုပဲ ဖြစ်သလိုပဲနေနေရပါတယ်။ ဒါပေမယ့် ဒီကြက်ခြေနီတို့၊ တခြားအဖွဲ့အစည်းတွေက တာလပတ်တွေပေးမယ်လို့တော့ သတင်းရထားပါတယ်။ လောလောဆယ်အဲဒီတာလပတ်တွေနဲ့ အုပ်ထားမယ်။ ပြီးမှအလှူရှင်တွေ လှူတဲ့ သွပ်ပြားတွေ များလာရင်ရွာသူရွာသားတွေကို အိမ်ခြေလိုက် ပြန်ပြီးတော့ ခွဲပေးမယ်။”

ဧပြီလ ၂၂ ရက်နေ့ညနေ ၅ နာရီခန့် လေပြင်းတိုက်ခတ်ပြီး မိုးသီးတွေ ကြွေကျခဲ့တဲ့ စဥ့်ကိုင်မြို့နယ် ကံကြီး၊ ညောင်ပင်သာ၊ တအုံအုပ်စု၊ ဖလန်ပင်ကုန်းကျေးရွာနဲ့ ကိုတိုးကျေးရွာ တွေ ရွာလုံးကျွတ်ပျက်စီးသွားပါတယ်။

လူအသေအပျောက်မရှိပေမယ့် ကျွဲနွားတချို့သေဆုံးသွားသလို ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။

ကံကြီးကျေးရွာမှာအိုရင် အိမ်ခြေ ၃၈၈ လုံးအနက် ၃၂၃ လုံးပျက်စီးသွားပြီး ညောင်ပင်သာရွာမှာ အိမ်ခြေ ၁၃၁ အိမ်အနက် ၁၁၀ အိမ် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေ၊ ဘုန်းကြီးတွေလည်း ပျက်စီးသလို ပဲတီစိမ်းစိုက်ခင်း၊ နှမ်းစိုက်ခင်းတွေလည်း မိုးသီးကြောင့် ထိခိုက်ပျက်စီးမှုတွေရှိပေမယ့် စာရင်းအတိအကျကို ကောက်ယူနေဆဲဖြစ်တယ်လို့ ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

စဥ့်ကိုင်မြို့နယ် ကံကြီးကျေးရွာမှာလည်း တောင်ကျ ချောင်းရေကျဆင်းပြီး လူနေအိမ် ၃၀၀ကျော်နဲ့ စာသင်ကျောင်း၁ ကျောင်ပျက်စီးသွားကာ ကျွဲနွားတိရိစ္ဆာန် ၅၀ ကျော်သေဆုံးခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

မိုးသက်လေပြင်ကျရောက်ပြီး မိုးသီးကြွေခဲ့မှုကြောင့် မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်း၊ ရှမ်းနဲ့ ချင်းပြည်နယ်တို့မှာ လူနေအိမ်ခြေနဲ့ အဆောက်အဦတွေ ထောက်နဲ့ချီ ပျက်စီး သွားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကိုင်းမှာ ၁ ယောက်၊ ရှမ်းမှာ ၁ ယောက်၊ မန္တလေးမှာ ၆ ယောက် သေဆုံးခဲ့သလို ၁၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူလဲ့ထွန်းက မနေ့က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013