DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူတွင် လူငယ် ၂ ဦး ရေနစ်သေဆုံး
DVB
·
April 24, 2016
ကျောက်ဖြူတွင် လူငယ် ၂ ဦး ရေနစ်သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာ၊ အိုးတင်ဆိပ်ချောင်းထဲမှာ လူငယ်နှစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ကျောက်ဖြူမြို့နယ်ရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ဧပြီ ၂၃ ရက်နေ့ ညနေပိုင်းက ကျောက်ဖြူမြို့နယ်၊ ကုဘာတောင်နဲ့ ငလပွေ့ကျေးရွာ အကြားရှိ အိုးတင်ဆိပ်ချောင်းမှာ လူငယ်သုံးဦးဟာ ငါးဖမ်းရာကနေ ၂ ဦး ချောင်းထဲ ပြုတ်ကျ သေဆုံးတာလို့ ဆိုပါတယ်။

ကျောက်ဖြူရဲစခန်း ရဲအုပ်စိုးထွန်းနိုင်က “လူငယ်သုံးယောက်က ငါးဖမ်းသွားကြတယ်။ သုံးယောက်မှာ တစ်ယောက်က ကွန်နဲ့ပစ်လိုက်တယ်။ အဲ့ဒီမှာ ရှေ့ကိုအားလွန်ပြီးတော့ ချောင်းထဲမှာရှိတဲ့ ချိုင့်ထဲကို ခြေချော်ပြီး ပြုတ်ကျသွားတယ်။ ကျတယ်ဆိုတာက ချောင်းထဲမှာ ချိုင့်ဖြစ်နေတယ်။ ကျသွားတဲ့အခါမှာ ညီ ၀မ်းကွဲညီတော်စပ်သူက ဆယ်ယူဖို့ ကြိုးစားရာကနေ ညီအစ်ကိုနှစ်ယောက်နစ်သွားပါတယ်။ ကောင်းလေးနှစ်ယောက်လုံးက ရေကူမတတ်ဘူး” လို့ ပြောပါတယ်။

ကျန်တဲ့လူငယ်က ဘေးပတ်ဝန်းကျင်ကို လှမ်းအော်ပြီး အကူညီတောင်းလို့ လူတွေလာဆယ်တဲ့အခါမှာ လူငယ် ၂ ဦးလုံး  အသက်မရှိတော့ဘူးလို့ ဆိုပါတယ်။

သေဆုံးသူ ညီအစ်ကိုနှစ်ဦးကတော့ မောင်ဇော်လင်းထက် အသက် ၂၃ နှစ် (အရင်ပြုတ်ကျသူ) နဲ့ မောင်ဖြူချေ အသက် ၁၁ နှစ် ၅ တန်း ကျောင်းသား (ဆင်းဆယ်သူ) တို့ ဖြစ်ပါတယ်။ နေနစ် သေဆုံးခဲ့မှု ဖြစ်စဉ်တွေကို အသက်ရှင်ကျန်ရစ်သူ မောင်ဘိုဘိုက ပြန်လည်ပြောကြားခဲ့တာလို့ ရဲအုပ်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျောက်ဖြူမြို့နယ်ရဲစခန်းက သေမှုသေခင်းဖြစ်စဉ် ၇/၂၀၁၆ နဲ့ အမှုဖွင့်ဆောင်ရွက်ပြီး အလောင်းတွေကို ကျောက်ဖြူဆေးရုံ ပို့လိုက်ပြီလို့ ဆိုပါတယ်။

သတင်း - ၀ဏ္ဏခွာညို၊ ဓာတ်ပုံ - စောမိုးကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013