DVB Logo
Home
မြန်မာသတင်း
မိုးသီးမုန်တိုင်းကျလျင် ဆောင်ရန် ရှောင်ရန်အချက်များ အစိုးရထုတ်ပြန်အသိပေး
DVB
·
April 24, 2016
မိုးသီးမုန်တိုင်းကျလျင် ဆောင်ရန် ရှောင်ရန်အချက်များ အစိုးရထုတ်ပြန်အသိပေး
Donate to DVB

မိုးသက်လေပြင်းမျာျးကျရောက်ပြီး မိုးကြိုးပစ်တဲ့အခါ မိုးသီးမုန်တိုင်းများ ကျရောက်တဲ့အခါ ဆောင်ရန် ရှောင်ရန်အချက်များကို ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ

- တိမ်မဲလာခြင်း၊ လေပြင်းလာခြင်း၊ မိုးသည်းထန်လာခြင်း၊ မိုးခြိမ်းပြီးအတော်ကြာမှ လျှပ်ပြက် လာခြင်း၊ အပူထုထဲတွင် လေအေးများကို ခံစားရခြင်းများသည် မိုးသီးမုန်တိုင်း၏ လက္ခဏာ များ ဖြစ်ပါသဖြင့် ထိုကဲ့သို့ဖြစ်ပေါ်လာပါက အထူးသတိပြုနေထိုင်ပါ။

- ကျေးလက်တောရွာများတွင် လယ်ကွင်း၊ ကွင်းပြင်ထဲနေထိုင်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားပါ။ တတ်နိုင်သမျှ အိမ်ထဲတွင်နေထိုင်ပါ။

- မဖြစ်မနေအိမ်ပြင်သို့ ထွက်ရမည်ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ကဲ့သို့ ဦးထုပ်အမာများ ဆောင်းပါ။ အ၀တ်ထူများဝတ်ဆင်သွားပါ။ မိမိကိုယ်ကို အကာအကွယ်များပြုလုပ်သွားပါ။

- အိမ်ထဲတွင် နေထိုင်စဉ်လည်း ခိုင်ခံသည့် အမိုးအကာအောက်တွင် တတ်နိုင်သမျှနေထိုင်ပါ။ နှစ်ထပ်အိမ်များဖြစ်ပါက အိမ်အောက်ထပ်တွင်နေပါ။

- အိမ်အမိုးများကို ခိုင်ခံအောင်ပြန်လည်ပြင်ဆင်ပါ။

- အိမ်မွေးတိရစ္ဆာန်နှင့်ကျွဲနွားများအတွက်ခိုလှုံစရာစီစဉ်ပါ။ မိုးသီးကြီးများသည် တိရိစ္ဆာန်များ ကိုအသက်အန္တရာယ်အထိဖြစ်စေနိုင်ပြီး တကယ်ရွာနေချိန် မိမိတို့လည်းအပြင်မထွက်နိုင် သဖြင့်ကြိုတင်စီစဉ်ပါ။

- ယာဉ်များ၊ ပစ္စည်းများအပြင်တွင်မထားပါနှင့်။ ကားများကိုဂိုဒေါင်ထဲထည့်ပါ။ အမိုးသာ ရှိပြီးအကာမရှိသည့်အောက်တွင် ဘေးမှထိနိုင်သဖြင့်စောင်ကာပါ။ လမ်းများပေါ်တွင် ထားရပါက စောင်အုပ်ပါ။

- ပြတင်းတံခါးများအသေအချာပိတ်ထားပါ။ မပိတ်မိ၍ မိုးသီးများအရှိန်ဖြင့်ဝင်လာပါက အိမ်တွင်းပစ္စည်းများပါပျက်စီးနိုင်မည်။ လိုက်ကာများပါပိတ်ထားပါ။ ပြတင်းမှန်ကွဲခဲ့ပါက လိုက်ကာခံနေမည်။ ပြတင်းပေါက်နားရှိပရိဘောဂများကိုလည်းကြိုတင်ရွှေ့ထားပါ။

- မိုးရွာသွန်းနေစဉ်၊ မိုးခြိမ်းနေစဉ်၊ လျှပ်စီးလက်နေချိန်များတွင် ဖုန်းများကိုအသုံးမပြုသင့်ပါ။

- တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာ စသည့်လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားသင့်ပါသည်။

- သစ်ပင်၊ ဓါတ်တိုင်နှင့်သံ/သတ္ထုပစ္စည်းများအနီးတွင် မနေသင့်ပါ။ လျှပ်စစ်စီးကူးလွယ်သည့်

ပစ္စည်းများနှင့်ဝေးရာတွင် နေထိုင်သင့်ပါကြောင်းနှင့် ပြည်သူလူထုအနေဖြင့် မိုးသီးကြွေကျ ခြင်းများ၊ မိုးကြိုးပစ်ခြင်းများနှင့်ပတ်သက်၍ သတိပြုလိုက်နာနေထိုင်ကြပါရန် အထူး မေတ္တာရပ်ခံ အသိပေးနှိုးဆော်အပ်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013