DVB Logo
Home
မြန်မာသတင်း
လှိုင်းဘွဲ့ ခရစ်ယာန်ဘုရားကျောင်းထဲ ဗုဒ္ဓစေတီ တရက်တည်းအပြီးတည်မှု ဒေသခံများစိုးရိမ်
DVB
·
April 24, 2016
လှိုင်းဘွဲ့ ခရစ်ယာန်ဘုရားကျောင်းထဲ ဗုဒ္ဓစေတီ တရက်တည်းအပြီးတည်မှု ဒေသခံများစိုးရိမ်
1 / 8
Donate to DVB

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်က ဘားအံသာသနာပိုင်နယ်မြေ ခရစ်ယာန်ကျောင်းဝင်းထဲမှာ ဗုဒ္ဓဘာသာ စေတီတစ်ဆူကို လူတစုက ဧပြီ ၂၃ ရက်မှာ တရက်နဲ့အပြီး  တည်လိုက်တာကြောင့် ပဋိပက္ခဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ကွမ်တောကျေးရွာက ရှင်မာကု ဘုရားကျောင်းပိုင်မြေထဲမှာ ဧပြီလဆန်းက ဗုဒ္ဓသာသနာ့ အလံ လာရောက်စိုက်ခဲ့တာပါ။

အဲဒီလို မစိုက်ခင်က ကျောင်းခြံစည်းရိုးကို ဖျက်ဝင်ပြီး ဗုဒ္ဓဆင်းတုတစ်ဆူ လာရောက်မြှုပ်နှံခဲ့ပါတယ်။

ဒေသခံ ဗုဒ္ဓဘာသာဝင် ရွာသားချို့က လုပ်ဆောင်တာဖြစ်ပြီး မေးမြန်းတဲ့အခါမှာတော့ မြိုင်ကြီးငူ ဆရာတော်က လုပ်ခိုင်းတာလို့ သိရတဲ့အကြောင်း ခရစ်ယာန်ဘုန်းတော်ကြီး ပီတာက ဒီဗွီဘီကို ပြောပါတယ်။ အဲဒီရွာတွေမှာ ခရစ်ယာန်ဘာသာဝင်တွေဟာ အိမ်ခြေအနည်းစုပဲ ရှိနေတာပါ။

ဒီကိစ္စကို ဖြေရှင်းဖို့ မြိုင်ကြီးငူ ဆရာတော်နဲ့ ဧပြီ ၁၃ ရက်နေ့က တွေ့ဖို့ ကြိုးစာခဲ့ပေမယ့် အဆင်မပြေဘူးလို့ ဆရာပီတာက ပြောပါတယ်။

မြိုင်ကြီးငူဆရာတော်ဟာ လက်နက်ကိုင်အဖွဲ့ ကျောထောက်နောက်ခံရှိနေတဲ့သူပါ။ ပြီးတော့ ဗုဒ္ဓဘာသာ ဂိုဏ်း ၉ ဂိုဏ်းတွေထဲမှာလည်း မပါတဲ့အတွက် ဂိုဏ်းချုပ်ဆရာတော်တွေအနေနဲ့ မကိုင်တွယ်နိုင်ဘူးလို့လည်း ဆရာပီတာက ပြောပါတယ်။

လက်ရှိမှာတော့ ၅ ဧကလောက် ကျယ်ဝန်းတဲ့ ရှင်မာကု ခရစ်ယာန်ကျောင်းဝင်းကို ကာရံထားတဲ့ သံဇကာစည်းရိုးကို ဖျက်ပြီး ၀င်ရောက် စေတီတည်နေတာပါ။

အခုလို ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ဗုဒ္ဓဘာသာစေတီ တည်ဆောက်နေတာကြောင့် ပဋိပက္ခဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

"မြိုင်ကြီးငူဆရာတော်ရဲ့ လက်ထောက် ပါလာတယ်။ ဒီနေ့ပဲ စေတီအပြီးတည်၊ ထီးတင်မယ်လို့ သိရတယ်" လို့ ဒေသခံ စောဘဒိုက ဒီဗွီဘီကို ပြောပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့က သာသနာရေးနဲ့ပတ်သက်လို့ တာဝန်ယူထားတဲ့ မွန်တိုင်းရင်းသားဝန်ကြီး ဦးမင်းတင်ဝင်းက စေတီနေ့ချင်းတည်တဲ့ကိစ္စနဲ့ ပတ်သက်လို့  သူတို့ လုပ်ဆောင်ထားချက် ၃ခု ရှိတယ်လို့ ပြောပါတယ်။

“ဘုရားက ထီးတင်ပြီးသွားပြီ၊ အဲ့ဒီတော့ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့၊ ပြည်နယ်မြို့နယ်သံဃာအဖွဲ့နဲ့ အစိုးရအဖွဲ့ပေါင်းပြီးတော့ အစိုးရအဖွဲ့ကိုယ်စား ခရစ်ယာန်အဖွဲ့တွေကို သွားတောင်းပန်တယ်။ ပြီးတော့ မြိုင်ကြီးငူဆရာတော်ကိုတော့ ဆရာတော်တွေရဲ့ မေတ္တာရပ်ခံလွှာပို့တယ်။ နောက် ရွာထဲမှာ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့သူတွေနဲ့ ဗုဒဘာသာကိုးကွယ်တဲ့သူတွေ နှစ်ဘက်ကို ခေါ်ပြီးတော့ ကျနော်တို့က ရွှေပြည်အေးတရား ဟောရတာပေါ့။”

၂၀၁၆ မတ်လတုန်းကလည်း လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းရွာ၊ ဗလီနားက လမ်းမမှာ တွင်းတူးပြီး ဗုဒ္ဓဆင်းတုတစ်ဆူကို မြိုင်ကြီးငူဆရာတော်ကပဲ လာရောက်မြှုပ်နှံခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလထဲမှာပဲ လှိုင်းဘွဲ့မြို့နယ်ထဲက ခရစ်ယာန်ကျောင်းဝင်းထဲမှာ စေတီတစ်ဆူ တည်ခဲ့ပါသေးတယ်။

ဓာတ်ပုံ - ပိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013