DVB Logo
Home
မြန်မာသတင်း
န၀ဒေးတံတားအောက် လူသတ်မှု ၃ နှစ်ပြည့် တရားခံဖော်ထုတ်ရေး ဆန္ဒပြ
DVB
·
April 24, 2016
န၀ဒေးတံတားအောက် လူသတ်မှု ၃ နှစ်ပြည့် တရားခံဖော်ထုတ်ရေး ဆန္ဒပြ
1 / 9
Donate to DVB

ပြည်မြို့ တံတားအောက်က လူသတ်မှု ၃ နှစ်ပြည့်ခဲ့ပေမယ့် ဒီနေ့အထိ တရားခံမပေါ်သေးတာကြောင့် ဒေသခံတွေ ဆန္ဒပြလမ်းလျှောက်ပြီး ဧရာဝတီမြစ်ထဲမှာ မီးမျှေဆုတောင်းခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က ပြည်မြို့အထွက် န၀ဒေး တံတားအောက်မှာ ချစ်သူစုံတွဲတတွဲ ဧရာဝတီမြစ်ကမ်းပါး သဲသောင်ပြင်မှာ လမ်းလျှောက်နေစဉ် အမျိုးသားသုံးဦးက အကြမ်းဖက်လုယက်သတ်ဖြတ်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်ပွားချိန်မှာ တံတားအလွန် သောင်ပြင်ကိုင်းတောထဲမှာ ရပ်ကွက်နေ ပြည်သူလုထုက ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ ၁ ဦးက လွတ်မြောက်သွားပြီး ၂ ဦးကို လက်ရဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့ထံ အပ်နှံလိုက်ပါတယ်။

သူတို့ ၃ ယောက်ဟာ ခလရ ၇၅ က တပ်မတော်သားတွေဖြစ်နေတာကြောင့် ရဲက စစ်တပ်ကို အပ်နှံလိုက်ပြီးကတည်းက ၃ ဦးလုံးကို ကွယ်ပျောက်သွား ခဲ့ပြီး ဒီနေ့ထိ ကျူးလွန်သူတရားခံတဦးကိုမှ တရားစွဲဆိုနိုင်ခဲ့ခြင်း မရှိတာကြောင့် ဒေသခံတွေက စုပေါင်းတောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာပဲ လူသုံးဦးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကို ခံခဲ့ရတယ်၊ အဲလိုသေဆုံးခဲ့တဲ့အတွက် ဆုတောင်းပွဲပြုလုပ်တာဖြစ်တယ်။ ကိုဇော်မင်းဦးက လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး တရားမျှတမှု၊ လူ့အခွင့်အရေးတွေရဖို့ ဆုတောင်းကြတာ ဖြစ်တယ်” လို့ ဦးဆောင်သူ ကိုမင်းမင်းအောင်က ပြောပါတယ်။

သေဆုံးခဲ့သူ ကိုဇော်မင်းဦးရဲ့ အစ်မ မသီတာဦးက “ဒီလိုမျိုး အများပြည်သူက ၀ိုင်းဝန်းကူညီပြီး ဆောင်ရွက်ပေးတဲ့အတွက် ၀မ်းသာပါတယ်။ အနယ်နယ်အရပ်ရပ်ကကော ပြည်မြို့ကကော ၀ိုင်းဝန်းပြီးလုပ်ပေးကြတဲ့အတွက် ကျမ၀မ်းသာတယ်၊ လှိုက်လှဲစွာကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ သုံးနှစ်သာပြည့်သွားတယ်၊ ကျမမောင်လေးသေဆုံးမှုက မပေါ်ပေါက်သေးဘူး။ ကျမမောင်လေး သေဆုံးတယ်ဆိုတာ သုံးနှစ်ပြည့်တယ်ဆိုတာ ဘယ်လိုမှ မခံစားနိုင်လို့ပါ၊ အခုလို ၀ိုင်းဝန်းကူညီကြတဲ့လူထုကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး အာရှလူအခွင့်အရေးကော်မရှင် (AHRC) ကလည်း အရင်အစိုးရနဲ့တကွ ဌာနဆိုင်ရာအသီးသီး၊ နိုင်ငံတစ်ကာအဖွဲ့အစည်းတွေထံ အရေးပေါ် ပန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် ဒီနေ့အချိန်ထိ သတ်ဖြတ်ခဲ့သူတွေကို မဖော်ထုတ်ပေးနိုင်သလို လက်ရှိအချိန်ထိ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းသာ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေထံက သိရပါတယ်။

အဲဒီပွဲကို ညနေ ၆ နာရီကစတင်ကာ ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်မှာ စုဝေးခဲ့ပြီး ရန်ကုန်-ပြည် လမ်းအတိုင်း လမ်းလျှောက်ကာ အခင်းဖြစ်ပွားခဲ့တဲ့ န၀ဒေးတံတားအောက်မှာ စုပေါင်းဆုတောင်းတာ၊ ဧရာဝတီမြစ်အတွင်း ဆီမီးမျှောတာတွေကို ကျောင်းသားတွေ၊ မြို့ခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ စုပေါင်းကာ အင်အား ၂၀၀ လောက်နဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013