DVB Logo
Home
မြန်မာသတင်း
ဧပြီ ၂၆ အထိ မိုးသက်လေပြင်းတိုက်ပြီး မိုးသီးကြွေနိုင်ဟု ဦးထွန်းလွင်ပြော
DVB
·
April 24, 2016
ဧပြီ ၂၆ အထိ မိုးသက်လေပြင်းတိုက်ပြီး မိုးသီးကြွေနိုင်ဟု ဦးထွန်းလွင်ပြော
Donate to DVB

မိုးတိမ်တောင်ကြောင့် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းများ ဧပြီ ၂၆ ရက်အထိ ဆက်လက်ဖြစ်ပွားနိုင်သေးတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

ကချင်ပြည်နယ်မြောက်ဖျားပိုင်းကနေ ဧရာဝတီမြစ်ဝကျွန်းပေါ် အစပ်လောက်ထိ ပမာဏရှိတဲ့ တိမ်တိုက်ကြီးတခု ဖြစ်ပေါ်နေပြီး ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်း၊ ကယား၊ ပဲခူး၊ ဧရာဝတီ အရှေ့ဘက်ခြမ်းနဲ့ မွန်မြောက်ဘက်ခြမ်းအထိ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေတယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

ဧပြီ ၂၂ ရက်စလို့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းနဲ့ချင်းပြည်နယ်တို့မှာ မိုးသည်းထန်၊ လေပြင်းတိုက်ပြီး မိုးသီးကြွေကျမှုတွေကြောင့် လူနဲ့ တိရစ္ဆာန်တွေ သေဆုံးခဲ့သလို နေအိမ်ရာ နဲ့ချီပြို ကျပြီး ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013