DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ဆိုင်ကယ်ခိုးသူ လူငယ်နှစ်ဦးကို ဖမ်းဆီးရမိ (ရုပ်သံ)
DVB
·
April 23, 2016
အင်းတော်တွင် ဆိုင်ကယ်ခိုးသူ လူငယ်နှစ်ဦးကို ဖမ်းဆီးရမိ (ရုပ်သံ)
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့မှာ ဆိုင်ကယ်ခိုးလာသူ လူငယ်နှစ်ဦးကို ဧပြီ ၂၂ ရက်နေ့ ညနေပိုင်းမှာ လှည့်ကင်းဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့နယ်ရဲစခန်းက ပြောပါတယ်။

အင်းတော်မြို့မ ရဲစခန်း ရပ်တပ်ဖွဲ့ဝင်တွေ ဧပြီ ၂၂ ရက်နေ့ ညနေပိုင်းက မြို့ပေါ်လှည့်ကင်းဆောင်ရွက်နေစဉ် အင်းတော်မြို့ တြိဂံလမ်းဆုံအနီးမှာ လူငယ်နှစ်ဦး မောင်းနှင်လာတဲ့ TOYOMAX 125 အနက်ရောင်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ကောလင်းမြို့နယ်နေ ဆိုင်ကယ်မောင်းနှင်သူ အောင်သန်းနိုင် (၁၇) နှစ်နဲ့ ဆိုင်ကယ်နောက်မှ စီးနင်လာသူ ထီးချိုင့်မြို့နယ်နေ ရဲမင်းအောင် (၁၈) နှစ်တို့ကို ဖမ်းဆီးမိခဲ့တာလို့ အင်းတော်ရဲစခန်းက ပြောပါတယ်။

သူတို့ နှစ်ဦးလုံးဟာ ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း အထောက်အထားတစုံတရာ ပြသနိုင်ခြင်းမရှိသလို ဆိုင်ကယ်ခိုးရာမှာ အသုံးပြုတဲ့ ဂွ၊ ၀ါယာကြိုး အပါအ၀င် ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

အင်းတော်မြို့မရဲစခန်း တာဝန်ရှိသူတဦးက “ကျနော်တို့ စစ်ဆေးနေပါတယ်။ သူတို့အင်းတော်ကနေ ခိုးယူပြီး ရောင်းစားထားတဲ့ ဆိုင်ကယ်တွေကို ပြန်လည်သိမ်းဆည်းရမိဖို့ လုပ်ဆောင်နေပါတယ်။ ကျနော်တို့ စစ်ဆေးချက်အရ အခုဆိုင်ကယ်အစီးရေ  ၂၀ ကျော်လောက်အထိ ခိုးယူခဲ့ကြောင်း အစစ်ခံခဲ့ပါတယ်” လို့ ပြောပါတယ်။

သူတို့ နှစ်ဦးကို အင်းတော်မြို့မ ရဲစခန်းက ပြစ်မှုဆိုင်ရာပုဒ်မ ၃၈၀/ကျင့်၅၄ အရ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

သတင်းရုပ်သံ - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013