DVB Logo
Home
မြန်မာသတင်း
စစ်တွေ၊ ရသေ့တောင် ရန်ပုံငွေစင်တင်တေးဂီတပွဲကြီး စစ်ပွဲကြောင့် ဖျက်သိမ်း
DVB
·
April 23, 2016
စစ်တွေ၊ ရသေ့တောင် ရန်ပုံငွေစင်တင်တေးဂီတပွဲကြီး စစ်ပွဲကြောင့် ဖျက်သိမ်း
Donate to DVB

နွေရာသီ ရေရှားပါးလို့ သောက်သုံးရရှိရေးအတွက် ရန်ပုံငွေ တေးဂီတ စတိတ်ရှိုးပွဲကို စစ်တွေမြို့နဲ့ ရသေ့တောင်မြို့တွေမှာ ကျင်းပဖို့ လုပ်ထားရကနေ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ရပ်ဆိုင်းလိုက်ပါတယ်။

နိုင်ငံကျော်အဆိုတော်တွေ ပါဝင်သီဆိုမယ့် စင်တင်တေးဂီတရှိုးကြီးပွဲတခုကို စစ်တွေမြို့တော်ခန်းမ အသစ်မှာ ဧပြီ ၂၅ ရက်နေ့နဲ့ ဧပြီ ၂၆-၂၇ ရက်နေအထိ ကျင်းပဖို့ ရှိတဲ့ ရသေ့တောင်မြို့ အလိုတော်ပြည့်ကျောင်းတိုက်ရှိ ကျောင်းဆောင်သစ်ရေစက်ချပွဲ စတိတ်ရှိုးပွဲတွေကို လက်တလော စစ်ပွဲကြောင့် ဖျက်သိမ်း လိုက်ရတယ်လို့ ပွဲဖြစ်မြောက်ရေးတာဝန်ခံ ဦဇင်းကုမာရက ဒီဗွီကိုပြောပါတယ်။

“ကြားတဲ့အတိုင်းပဲ၊ အခုက ရခိုင်မှာ စစ်ပွဲတွေပြင်းထန်နေတယ်။ ၂၅- ရက်နေ့မှာ စစ်တွေရယ်၊ ၂၆-၂၇ ရက် နေ့တွေ ရသေ့တောင်မှာ လုပ်ဖို့စီစဉ်ထားတာပါ။ ဒီကရလာတဲ့ ရန်ပုံတွေငွေတွေကို ရေရှားပါးနေတဲ့နေရာတွေမှာ လှူဒါန်းသွားမယ်လို့ စီစဉ်ထားပါ။ ဒါပေမေယ့် အခုနေရာနှစ်ခုစလုံးကို ဖျက်သိမ်းလိုက်တာပေါ့လေ။ စစ်ဖြစ်တာကတော့ မလိုလားအပ်တဲ့ ပြည်သူတွေ ဒုက္ခရောက်ကုန်ကြတာပေါ့လေ။ မဖြစ်တာကတော့ အကောင်းဆုံပေါ့လေ။ ဦးဇင်းတို့လည်း ဒီစစ်ပွဲတွေကြောင့် ရှိုးပွဲကို ရပ်ဆိုင်းလိုက်တာပါ။”

နိုင်ငံတော်အဆိုတော်တွေ ဖြစ်ကြတဲ့ ထူးအယ်လင်း၊ မေဆွိ၊ ဆုန်သင်းပါရ်နဲ့ ရုပ်ရှင်သရုပ်ဆောင် နေထက်လင်းအပါအ၀င် ရခိုင်နာမည်ကြီး အဆိုတော်တွေလည်း ပါဝင်သီဆိုဖြေဖျော်ကြမှာ ဖြစ်ပါတယ်။

ရန်ပုံငွေ ဖျော်ဖြေပွဲတွေကို  အလိုတော်ပြည်ကျောင်းတိုက်က ဦးဆောင်ပြီး ရခိုင်အစိုးရအဖွဲ့၊ ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပူပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။

ရခိုင်မှာ လက်တလော စစ်ဘေးရှောင်ဒုက္ခသည်တွေကို စားနဲ့ရိက္ခာတွေ ထောက်ပံ့ဖို့ အလိုတော်ပြည့်ကျောင်းတိုက်က အစီစဉ်တွေ လုပ်ဆောင်နေပြီး မကြာခင် စစ်ဘေးရှောင်ဒုက္ခသည်ရှိတဲ့နေရာတွေကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်သွားမယ်လို့ ဦးဇင်းကုမာရက ပြောပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်တွေမှာ ပြီးခဲ့တဲ့  ဧပြီ ၁၆ ရက်နေ့ ၂၂ ရက်နေ ညနေအထိ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ပြေးဒုက္ခသည်တွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

သတင်း - ၀ဏ္ဏခွာညို၊

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013