DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ယာဉ်မတော်တဆမှုကြောင့် နေ့စဉ် ၁၁ ဦး သေဆုံးနေ
DVB
·
April 23, 2016
မြန်မာတွင် ယာဉ်မတော်တဆမှုကြောင့် နေ့စဉ် ၁၁ ဦး သေဆုံးနေ
Donate to DVB

မြန်မာနိုင်ငံ လမ်းမတွေပေါ်မှာ ယာဉ်မတော်တဆမှုနဲ့ နေ့စဉ် လူ၁၁ ဦး သေဆုံးနေပြီး အရှေ့တောင်အာရှမှာ ယာဉ်မတော်တဆမှု အဖြစ်ဆုံးနိုင်ငံဖြစ်နေပြီလို့ အီတလီအရပ်ဘက် အဖွဲ့တခုက ထုတ်ပြန်လိုက်ပါတယ်။

အီတလီနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ယာဉ်မတော်တဆမှုနဲ့ သေဆုံးမှု လျှော့ချရေး NGO အဖွဲ့ APBABC ရဲ့ Director Corporate Relations ဖြစ်သူ Ms. Zita Schellekens က ထုတ်ပြောလိုက်တာဖြစ်တယ်လို့ ပြန်ကြားရေးဝက်ဘ်ဆိုဒ်မှာ ရေးသားဖော်ပြပါတယ်။

ခရီးသွားပြည်သူတွေနဲ့ ကားမောင်းတဲ့သူတွေ လိုက်နာရမယ့်အချက် ၇ ချက်ကိုလည်း အဲ့ဒီအဖွဲ့က ထုတ်ပြန်လိုက်ပြီး ကားပေါ်ပါတဲ့ လုံခြုံရေးခါးပတ်ကြိုးပတ်ဖို့၊ ဦးထုတ်ဆောင်းဖို့၊ သတ်မှတ်အရှိန်ထက် ပို မမောင်းကြဖို့၊ ကားမောင်းနေတုန်း ဖုန်းမပြောဖို့၊ အများသုံးယာဉ်တွေမှာ ကုန်ပစည်းမတန်တဆ မတင်ကြဖို့၊ လူကူးမျဉ်းကြားက လမ်းကူးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

Ms. Zita Schellekens က ကားတင်သွင်းမှု စည်းမျဉ်းတွေ ဖြေလျှော့လိုက်တာကလည်း ပြည်တွင်းကို ကားတွေ အများကြီး ဝင်ရောက်လာပြီး ယာဉ်ကြော ပိတ်ဆို့မှုတွေ၊ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်တွေ ပိုများလာတယ်။ အတွေ့အကြုံမရှိဘဲ ကားဝယ်စီးနိုင်တဲ့ ယာဉ်မောင်းအမျိုးသား အမျိုးသမီးတွေ များလာတယ်။ ဒါတွေဟာ အန္တရာယ်ရဲ့ အစိတ်အပိုင်းတခုမှာ အဓိကပါဝင်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013