DVB Logo
Home
နိုင်ငံတကာ
နျူဖျက်သိမ်းခိုင်းသည့် အာဆီယံ နုံအ၊ မိုက်မဲဟု မြောက်ကိုရီးယား ဝေဖန်
DVB
·
July 27, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး တောင်းဆိုတဲ့ အာဆီယံရဲ့ ရပ်တည်ချက်ဟာ နုံအ၊ မိုက်မဲရာ ရောက်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံက ဇူလိုင် ၂၇ ရက်မှာ ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ အာဆီယံဒေသတွင်း ဖိုရမ်မှာ အာဆီယံအဖွဲ့ဟာ ပြုံယမ်းရဲ့ နျူကလီးယားလက်နက် စီမံကိန်းအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုတွေ ခံထားရပေမဲ့ နျူကလီးယား ပိုင်ဆိုင်ခွင့်ကို ကြွေးကြော်ထားပြီး ၂၀၂၃ ခုနှစ်မှာ နျူလက်နက်နိုင်ငံအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအန်အေ သတင်းဌာနက ဖော်ပြခဲ့တဲ့ ထုတ်ပြန်ချက်မှာ အာဆီယံအဖွဲ့ဟာ အမေရိကန်ရဲ့ နျူကလီးယားကင်းစင်ရေး တောင်းဆိုမှုကို ထောက်ခံပြီး မြောက်ကိုရီးယားရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လျစ်လျူရှုခဲ့တယ်လို့ ကင်မ်က ပြောပါတယ်။

“အယူအဆအရရော လက်တွေ့အရပါ အဓိပ္ပာယ်မရှိတော့တဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးကို ဆက်လက်ဆုပ်ကိုင်ထားတာဟာ မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်မှု ကျရှုံးတာဖြစ်ပြီး နုံအ၊ မိုက်မဲတဲ့ စိတ်ကူးယဉ်မှုသာ ဖြစ်တယ်” လို့ ကင်မ်က ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ အခကြေးငွေယူ ပြောဆိုပေးသူအဖြစ် အသုံးချမခံရအောင် အာဆီယံအဖွဲ့က သတိထားသင့်တယ်လို့လည်း ကင်မ်က သတိပေးခဲ့တာပါ။

၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ကင်မ်ဂျုံအန်းတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားဟာ သူ့တို့ကိုသူတို့ နောက်ကြောင်း ပြန်မလှည့်တော့တဲ့ နျူကလီးယားလက်နက်နိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013