DVB Logo
Home
မြန်မာသတင်း
ကျန်း​မာ​ရေး​စနစ်​ကောင်း​ရန် ကျပ်သန်း​ ၈,၀၀၀ နှစ်စဉ်လိုအပ်​နေဟုဆို
DVB
·
August 24, 2011
ကျန်း​မာ​ရေး​စနစ်​ကောင်း​ရန် ကျပ်သန်း​ ၈,၀၀၀ နှစ်စဉ်လိုအပ်​နေဟုဆို
Donate to DVB

မြန်မာပြည်မှာ ကျန်း​မာ​ရေး​ပြုစု​စောင့်​ရှောက်မှုစနစ် အား​နည်း​ချက်​နေပြီး​ ​ကောင်း​မွန်ပြည့်​ စုံ​အောင် လုပ်​ဆောင်ဖို့​ နှစ်စဉ် ကျပ်သန်း​ ၈,၀၀၀ ​လောက် လိုအပ်မယ်လို့​ ကျန်း​မာ​ရေး​ ဝန်ကြီး​ ​ဒေါက်တာ​ဖေသက်ခင်က ​ပြောကြား​ပါတယ်။

ဒီ​နေ့​ အမျိုး​သား​လွှတ်​တော် အစည်း​အ​ဝေး​မှာ ကိုယ်စား​လှယ် ဦး​တင်ယုက တိုင်း​ဒေသကြီး​တွေနဲ့​ ပြည်နယ်အဆင့်​ရှိ ​ဆေး​ရုံ​တွေမှာ ​ဆေး​ဝါး​လုံလုံ​လောက်​လောက်နဲ့​ ပြည်သူလူထုကို ကျန်း​မာ​ရေး​ကာကွယ်​စောင့်​ရှောက်မှု​ပေး​ဖို့​ အစီအစဉ်မရှိမရှိ ​မေး​မြန်း​တာ ကို ပြည်​ထောင်စုကျန်း​မာ​ရေး​ဝန်ကြီး​က ပြန်​ဖြေရာမှာ ဒီလို​ပြောသွား​တာပါ။

အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ်တဦး​ဖြစ်တဲ့​ ဦး​ဘုန်း​မြင့်​အောင်က “သူတို့​ ကျန်း​မာ​ရေး​ဌာနက​နေလည်း​ လုပ်ငန်း​တွေကို ပြည့်​စုံစွာ လုပ်ကိုင်ဖို့​အတွက်ဆိုရင် အ​ခြေခံ​ရောဂါ​တွေအတွက် ပြည့်​ဝစွာ လုပ်နိုင်ဖို့​အတွက် တနှစ်ကို သန်း​ ၈၀၀၀ ​လောက်လိုအပ်​နေတယ်။ ဒါ​ပေမယ့်​ သူတို့​ရတာ ၃၅၀၀ ​လောက်ပဲရတယ်။ အဲဒါ​တွေကို ပြည့်​ပြည့်​ဝဝရဖို့​ဆိုရင် သန်း​ ၈၀၀၀ ​တောင်း​တဲ့​သ​ဘော​ပေါ့​” လို့​ ​ပြောပြပါတယ်။

“ကျန်း​မာ​ရေး​နဲ့​ပတ်သက်လို့​ အား​နည်း​ချက်ရှိတာ​တွေ မှန်ပါတယ်။ ဒါ​ပေမယ့်​ ဖွံ့​ဖြိုး​ပြီး​နိုင်ငံ​တွေမှာ​တောင် ရာနှုန်း​ပြည့်​ ကျန်း​မာ​ရေး​ထောက်ပံ့​မှု မရှိပါဘူး​။”

နအဖစစ်​ကောင်စီက အာဏာလွှဲ​ပြောင်း​ပေး​ချိန်မှာ ထုတ်ပြန်ခဲ့​တဲ့​ ဘတ်ဂျက် ဥပ​ဒေအရ​တော့​ ဒီဘဏ္ဍာ​ရေး​နှစ်အတွင်း​ ကျန်း​မာ​ရေး​ကဏ္ဍအတွက် အသုံး​စရိတ် ကျပ် သန်း​ ၉,၀၀၀ ​ကျော် သတ်မှတ်ပြဌာန်း​ထား​ပါတယ်။ သာမန်အသုံး​ငွေ ကျပ်သန်း​ ၆,၅၀၀ ​ကျော်နဲ့​ ​ငွေလုံး​ငွေရင်း​သုံး​ငွေ ကျပ်သန်း​ ၂,၅၀၀ ​ကျော်ဖြစ်ပါတယ်။

ပြည်သူ့​လွှတ်​တော်မှာ​တော့​ ကျန်း​မာ​ရေး​ကဏ္ဍနဲ့​ပတ်သက်ပြီး​ ကိုယ်စား​လှယ် ​ဒေါက်တာ​မောင်​မောင်ဝင့်​က မြန်မာနိုင်ငံ​ဆေး​ကောင်စီကို လွတ်လပ်တဲ့​ ပညာရှင်အဖွဲ့​အ စည်း​အဖြစ် ရပ်တည်ခွင့်​ပေး​ဖို့​ အမိန့်​ထုတ်ပြန်​ပေး​ဖို့​နဲ့​ ​ဆေး​ပညာရှင်များ​ ကာကွယ်​စောင့်​ ​ရှောက်​ရေး​အဖွဲ့​ ဥပ​ဒေပြဋ္ဌာန်း​ဖို့​ စတဲ့​အဆို​တွေကို တင်ပြသွား​တယ်လို့​ အမျိုး​လွှတ်​တော် ကိုယ်စား​လှယ် ဦး​ကြည်မြင့်​ (လသာ) က ​ပြောပြပါတယ်။

“မြန်မာနိုင်ငံ​ဆေး​ကောင်စီကို အစိုး​ရ​ဘော်ဒီမဟုတ်ဘဲနဲ့​ လွတ်လပ်တဲ့​ ပ​ရော်ဖက် ရှင်နယ်​ဘော်ဒီအဖြစ် လွတ်လပ်စွာရပ်တည်ခွင့်​ အမိန့်​ကို ထုတ်ပြန်​ပေး​ဖို့​ အဆိုတင်သွင်း​ တယ်။ ​နောက်တခုက​တော့​ ​ဆေး​ပညာရှင်များ​ ကာကွယ်​ရေး​အဖွဲ့​အတွက် လိုအပ်တဲ့​ ဥပ​ဒေ၊​ နည်း​ဥပ​ဒေများ​ ​ကြေညာစာတမ်း​ တင်သင့်​ကြောင်း​ အဆို​ပေါ့​။”

ဆေး​ပညာရှင်​တွေဘက်က အကာအကွယ်​ပေး​မယ့်​ အဖွဲ့​အစည်း​၊​ ဥပ​ဒေ​တွေ လိုအပ်​နေ​ကြောင်း​၊​ ဥပမာ၊​ လူနာတဦး​သေဆုံး​မှုနဲ့​ ပတ်သက်လို့​ ပုဂ္ဂလိကကအထူး​ကု​ဆေး​ ခန်း​နဲ့​ အထူး​ကုဆရာဝန်ကြီး​တို့​ ဖြစ်ပွား​သွား​တဲ့​ အငြင်း​ပွား​မှုမျိုး​မှာ ပညာရှင်ဘက်က ရပ် တည်​ပေး​ဖို့​ လိုအပ်​နေပုံကို ဥပမာ​ပေး​ပြီး​ တင်ပြသွား​တာလို့​ ဆိုပါတယ်။

သမ္မတဦး​သိန်း​စိန်က​တော့​ ကျန်း​မာ​ရေး​ကဏ္ဍနဲ့​ပတ်သက်ပြီး​ ​ဆေး​ရုံ​တွေနဲ့​ ကျန်း​မာ ​ရေး​ဝန်ထမ်း​တွေရဲ့​ အရည်အ​သွေး​ကို မြှင့်​တင်သွား​ဖို့​၊​ ပုဂ္ဂလိက ကျန်း​မာ​ရေး​ ​စောင့်​ရှောက် မှုနဲ့​ ပတ်သက်ပြီး​ ဥပ​ဒေ​တွေပြဋ္ဌာန်း​ဖို့​၊​ နိုင်ငံတကာနဲ့​ ပြည်တွင်း​အဖွဲ့​အစည်း​တွေနဲ့​ ပူး​ပေါင်း​ ​ဆောင်ရွက်ဖို့​၊​ နိုင်ငံ​တော်၊​ ပြည်သူနဲ့​ ပရဟိတအဖွဲ့​အစည်း​တွေ ပူး​ပေါင်း​ပါဝင်တဲ့​ အ​ခြေခံ ကျန်း​မာ​ရေး​စောင့်​ရှောက်မှု တိုး​ချဲ့​ဆောင်ရွက်မယ်လို့​ ထမဆုံး​မိန့်​ခွန်း​မှာ ကတိ​ပေး​ပြော ကြား​ထား​ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013