DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိက​ကျောင်း​ဥပ​ဒေမူကြမ်း​ အမျိုး​သား​လွှတ်​တော်မှာ တင်သွင်း
DVB
·
August 24, 2011
ပုဂ္ဂလိက​ကျောင်း​ဥပ​ဒေမူကြမ်း​ အမျိုး​သား​လွှတ်​တော်မှာ တင်သွင်း
Donate to DVB

ပုဂ္ဂလိ​ကကျောင်း​ ဥပ​ဒေမူကြမ်း​ကို အမျိုး​သား​လွှတ်​တော်မှာ ပညာ​ရေး​ဝန်ကြီး​ ​ဒေါက်တာမြ အေး​က မနေ့က​ ဖတ်ကြား​တင်သွင်း​ပါတယ်။

အမျိုး​သား​လွှတ်​တော် ဒုတိယ​နေ့​ အစည်း​အ​ဝေး​မှာ တင်ပြတဲ့​ ဒီဥပ​ဒေမူကြမ်း​အ​ကြောင်း​ လွှတ်​တော်ကိုယ်စား​လှယ်တဦး​ဖြစ်တဲ့​ ဦး​ဘုန်း​မြင့်​အောင်က ​ပြောပြပါတယ်။

“အဓိက​တော့​ ​ကျောင်း​ရှိသ​လောက်တင်လိုက်၊​ တင်ပြီး​ရင် ထုံး​စံတိုင်း​ အစိုး​ရ​ကျောင်း​ပုံစံ သင်ရိုး​အတိုင်း​တင်ပြီး​ စာ​မေး​ပွဲစစ်တာလုပ်​ပေါ့​။ စစ်ခွင့်​ရှိတယ်။ ဒါ​ပေမယ့်​ ထပ်​ဆောင်း​ဘာသာဆိုပြီး​တော့​ အင်္ဂလိပ်စာ သင်လို့​ရတယ်။ တခြား​ဘာသာအတွက်က သင်ခွင့်​ရှိတာကို။ ကိုယ့်​တိုင်း​ပြည် ပညာ​ရေး​စနစ်တင် မကဘူး​။ ထပ်​ဆောင်း​ပညာ​ရေး​ စနစ်ပါ လိုချင်တယ်ဆိုရင်​တော့​ အဲဒီ​ကျောင်း​တွေကို သွား​ရမှာ​ပေါ့​။

“တချို့​လည်း​ ဒီပုဂ္ဂလိက ပညာ​ရေး​စနစ်​ပေါ်ရင် သား​သမီး​တွေ ​နောင်​ရေး​အတွက် စိတ်ချချင်တဲ့​ မိဘ​တွေ​တော့​ နိုင်ငံခြား​သွား​တာထက်စာရင် ဒီ​နေရာ​တွေမှာ ထား​တော့​ ပိုစိတ်ချရတာ​ပေါ့​။ ​နောက်ပြီး​တော့​ ဒီပညာ​ရေး​ကို အစိုး​ရ တက္ကသိုလ်​တွေကလည်း​ အသိအမှတ်ပြုမယ်။ ကိုယ့်​သား​သမီး​လည်း​ ပိုစိတ်ချရမယ်။ ခွဲခြား​မှု​တော့​ ရှိလာမှာ​ပေါ့​။ အစိုး​ရ​ကျောင်း​တွေမှာလည်း​ ဆရာမ​တွေက ​မြေဖြူ​တောင်မရတဲ့​ အခက်အခဲ​တွေ ရှိပါတယ်။”

ဒါ့​အပြင် အစိုး​ရသင်​ကျောင်း​ပညာ​ရေး​စနစ်လည်း​ တ​ပြေး​ညီတိုး​တက်​အောင် ပညာ​ရေး​ဝန်ကြီး​ဌာနက မ​ဆောင်ရွက်ရင် ခွဲခြား​မှု​တွေ ပိုပြီး​ကျယ်ပြန့်​လာနိုင်တဲ့​အကြောင်း​ကို လွှတ်​တော်ကိုယ်စား​လှယ်​တွေက ​ဆွေး​နွေး​ဖို့​ရှိတယ်လို့​လည်း​ ဆိုပါတယ်။

ဒီ​နေ့​ အမျိုး​သား​လွှတ်​တော်အစည်း​အ​ဝေး​မှာ လွှတ်​တော်ရုံး​ဥပ​ဒေမူကြမ်း​ ကိုလည်း​ တင်သွင်း​ပြီး​ လာမယ့်​သီတင်း​ပတ်မှာ ​ဆွေး​နွေး​ကြမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013