
မန်ချက်စတာယူနိုက်တက်အသင်းသား ၂ ယောက်ဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဘရူနိုဖာနန်ဒက်စ် တို့ရဲ့ ပေါက်ကွဲပြောဆိုမှုတွေအပေါ် ဝိန်းရွန်းနေက ပြင်းပြန်းထန်ထန် ဝေဖန်လိုက်ပါတယ်။
လက်ရှိ ယူနိုက်တက်အသင်းသားတွေကို တကိုယ်ကောင်းဆန်သူတွေအဖြစ် သတ်မှတ်ထားပြီး ကလေးငယ်တွေလိုမျိုး ပြုမူနေတယ်လို့ ရွန်းနေက ထုတ်ဖော်ပြောဆိုခဲ့တာပါ။
အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က နည်းပြ မိုက်ကယ်ကာရစ်အပေါ် လူသိရှင်ကြား ဝေဖန်ခဲ့မှု အပေါ် ရွန်းနေက မကျေမနပ်ဖြစ်နေတာပါ။
အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ အပြုအမူတွေဟာ အသင်းဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း ရွန်းနေက ထောက်ပြပါတယ်။
Photo:Reuters











