DVB Logo
Home
မြန်မာသတင်း
ရွှေ​ညောင်-​ညောင်​ရွှေ ​ရေဆက်ကြီး​နေ၍ ​ကျောင်း​များ​ပိတ်ထား​ရ
DVB
·
August 24, 2011
Donate to DVB

ရှမ်း​ပြည်နယ် ​ညောင်​ရွှေ နဲ့​ ​ရွှေ​ညောင်မြို့​နယ်မှာ ​ရေကြီး​နေတာ ၅ ရက်ရှိပြီဖြစ်ပြီး​ ပြန်မကျ​သေး​ဘဲ ​ရေ​ဘေး​သင့်​သူ ထပ်တိုး​လာပြီး​ ​ကျောင်း​တွေ ပိတ်ထား​ရပါတယ်။

ရွှေ​ညောင်မြို့​ ဓမ္မရိပ်သာ ရန်ကုန်​ကျောင်း​တိုက်မှာ ​ရေ​ဘေး​ဒုက္ခသည် မ​နေ့​က ၁၀၀ ​ကျော် ရှိခဲ့​ရာက ဒီ​နေ့​မှာ ၂၀၀ ​ကျော်​နေပါပြီ။ အမက ၇ အပါအဝင် မူလတန်း​ကျောင်း​ ၃ ​ကျောင်း​ ​ခေတ္တပိတ်ထား​ပါတယ်။

ညောင်​ရွှေမြို့​ ကန်သာရပ်ကွက်၊​ ဝင်း​ရပ်ကွက်နဲ့​ အနီး​ပတ်ဝန်း​ကျင်ရွာကလူ​တွေ ​တော့​ ​ရေလွတ်ရာမှာ ခိုလှုံ​နေကြပါတယ်။

ဒီ​ဒေသမှာ ​လေး​နှစ်တကြိမ် ​ရေကြီး​လေ့​ရှိပြီး​ ခါတိုင်း​ ​ရေသုံး​ပေ​ကျော် တက်​လေ့​ရှိ ​ကြောင်း​၊​ မ​နေ့​က​တော့​ ​လေး​ပေခွဲ​လောက်ထိ တက်လာပြီး​ ဒီ​နေ့​မှာ​တော့​ ငါး​ပေခွဲ​လောက် ဖြစ်​နေပြီလို့​ အင်း​တိုင်း​ရင်း​သား​ဝန်ကြီး​ ဦး​ဝင်း​မြင့်​က ​ပြောပြပါတယ်။

“​ညောင်​ရွှေမြို့​အ​နောက်ဘက်ခြမ်း​ ရွာ​တွေက​တော့​ ခါတိုင်း​ထက် တ​ပေ​လောက် တက်​တော့​ ရွာသာရွာတို့​ နန်း​သီတာတို့​၊​ အိမ်​ခြေ ၂၀ ရာခိုင်နှုန်း​လောက်​တော့​ ​နောက်ထပ် တ​ပေခွဲ​လောက်ဆိုရင် မြုပ်မယ့်​အ​နေအထား​ရှိတယ်။

“ဒီကမြို့​နယ်အုပ်ချုပ်​ရေး​ အာဏာပိုင် အဖွဲ့​အစည်း​နဲ့​ လူထုပြည်သူ​တွေက​တော့​ အဆင်သင့်​လုပ်ထား​တယ်။ ​ရေကြီး​မယ်ဆိုပြီး​တော့​ လွန်ခဲ့​တဲ့​ ၁၀ ရက်​လောက်ကတည်း​ က ​ကြေညာ​ပေး​ထား​တယ်။ အနိမ့်​ပိုင်း​မှာ​နေထိုင်တဲ့​ လူ ၂၀၀ ​လောက်က​တော့​ ဘုန်း​ကြီး​ ​ကျောင်း​မှာ​နေတယ်။ ​ညောင်​ရွှေမြို့​မှာ အတူ​နေကြတယ်။ ​ညောင်​ရွှေက ပါရမီ​သွေး​လှူရှင် အသင်း​က​နေ ထမင်း​ထုပ် ၆၅ဝနဲ့​ ဆန် ၂ အိတ် သွား​လှူတယ်။”

၇ မိုင်​လောက်ရှိတဲ့​ ​ညောင်​ရွှေ-​ရွှေ​ညောင် ကား​လမ်း​မှာ ၃ မိုင်​ကျော်​လောက်က ​ရေ​တွေပြည့်​နေလို့​ ကား​ငယ်​တွေ၊​ ဆိုင်ကယ်​တွေ ​အေး​သာယာရွာဘက်က ပတ်သွား​နေရ တယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

ရွှေ​ညောင် မင်္ဂလာရပ်ကွက် ​မြေနိမ့်​ပိုင်း​က ရတနာရပ်ကွက်ထဲကို ​ရေ​တွေထပ်ဝင်လို့​ မင်္ဂလာခန်း​မ၊​ ​ရွှေ​ညောင် အထက ၁ ခန်း​မနဲ့​ ဘုန်း​ကြီး​ကျောင်း​တွေမှာပါ ​ဒေသခံ​တွေ ​ရွှေ့​ပြောင်း​ခိုလှုံ​နေကြပါတယ်။

ရေ​ဘေး​သင့်​ပြည်သူ ၆၀၀ နီး​ပါး​ ရှိ​နေပြီး​ သူတို့​အတွက် အခြား​ရပ်ကွက်​တွေက ထမင်း​ထုပ်​တွေ ပို့​ပေး​နေတယ်လို့​ အင်း​တိုင်း​ရင်း​သား​ဝန်ကြီး​ ဦး​ဝင်း​မြင့်​က ​ပြောပြပါတယ်။

ရေလွှမ်း​မိုး​မှု​ကြောင့်​ ​ရွှေ​ညောင် အထက ၁ အပါအဝင် ရွာ ၁၀ ရွာ​ကျော်က မူလ တန်း​ကျောင်း​တွေ ပိတ်ထား​ရတယ်လို့​ ​ရွှေ​ညောင်​ဒေသခံတဦး​က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013