DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အကြီးအကဲကို သရော်သူ ကြက်ဖကြီး မလွှတ်သေး၊ အမှုဆက်စစ်
DVB
·
April 22, 2016
နိုင်ငံတော်အကြီးအကဲကို သရော်သူ ကြက်ဖကြီး မလွှတ်သေး၊ အမှုဆက်စစ်
Donate to DVB

ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကွန်ပျူတာပြုလုပ်ချက်တွေကို အသုံးပြုပြီး နိုင်ငံတော် အကြီးအကဲတွေကို လှောင်ပြောင်သရော်နေသူ ကြက်ဖကြီးလို့ သံသယရှိနေတဲ့ ကိုလှဖုန်းကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အများကတော့ ကိုလှဖုန်းလွှတ်မြောက်လာမယ်လို့ မျှော်လင့်ပေမယ့် သူ့ကို စွဲဆိုထားတဲ့ အမှုတွေ တခုမှ မရုပ်သိမ်းပေးသေးဘူးလို့ ကိုလှဖုန်းရဲ့ရှေ့နေ ဦရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ကိုလှဖုန်းရဲ့အမှုက ဒီကနေ့ ဆက်ပြီးတော့ စစ်ဆေးတယ်။ ဗိုလ်မှူးဝေဖြိုးအောင်ကို စစ်ဆေးတယ်။ ဒီကနေ့ အချိန်အထိ သူ့ကို ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့အမှု မရုပ်သိမ်းပေးသေးဘူး။ ကျနော်တို့က တပ်မတော်နဲ့ပတ်သက်တဲ့ အမှုများဖြစ်လို့ စဉ်းစားနေသေးတာလားတော့ ကျနော်တို့လည်း မသိသေးဘူးပေါ့နော်။”

ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်က တရားလိုလုပ်ပြီး ကိုလှဖုန်းကို မရမ်းကုန်းမြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားပါတယ်။

ဒါ့အပြင် သူ့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နဲ့ အလံဥပဒေပုဒ်မ ၁၆ တိုအပါအ၀င် စုစုပေါင်းအမှု ၄ မှု ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သူ့ကိုလာမယ့် ၂၇ ရက်နေ့ ရုံးပြန်လည်ချိန်းဆို ထားပါတယ်။

ကိုလှဖုန်းဟာ နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ ဓာတ်ပုံတွေကို ပြုပြင် ပြီးဖေ့ဘွတ်စ်မှာ ကြက်ဖကြီး အကောင့်နဲ့တင်ခဲ့သူဆိုပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးတရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုလှဖုန်း ဆိုသူဟာ ကြက်ဖကြီးအကောင့်ပိုင်ရှင် အစစ်အမှန် မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

သူ့ကို ကြက်ဖကြီးအကောင့်ပိုင်ရှင်ဆိုပြီး ဖမ်းဆီးထားပေမယ့် ဧပြီလအထိ ကြက်ဖကြီး အကောင့်နဲ့ ဖေ့စ်ဘွတ်ပေါ်မှာ စာသားတွေတက်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013