DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် လက်ရှိအစိုးရသစ်နှင့် ပူးတွဲဆောင်ရွက်သွားမည်ဟု ဒီကေဘီအေ ပြော
DVB
·
April 22, 2016
ငြိမ်းချမ်းရေးအတွက် လက်ရှိအစိုးရသစ်နှင့် ပူးတွဲဆောင်ရွက်သွားမည်ဟု ဒီကေဘီအေ ပြော
Donate to DVB

ဗိုလ်ချုပ်ကြီးစောလားပွယ် ကွယ်လွန်ပြီးနောက် ကျင်းပတဲ့ ဒီကေဘီအေ အရေးပေါ်ညီလာခံကနေ လက်ရှိအစိုးရသစ်နဲ့ ငြိမ်းချမ်းရေး ပူးတွဲဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ် ကွယ်လွန်ပြီးနောက်ပိုင်းမှာ ဒီကေဘီအေဌာနချုပ် အနေနဲ့ စစ်ဦးစီးချုပ်နဲ့ ဒု-စစ်ဦးစီးချုပ် အရာရှိတွေကို ပြန်လည်ရွေးချယ်နိုင်ဖို့အတွက် တပ်မှူးစုံညီ အရေးပေါ်ညီလာခံ ကျင်းပနေချိန်မှာ အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပူးတွဲဆောင်ရွက်သွားမယ့်အကြောင်း ပြောလိုက်တာပါ။

ဒီကေဘီအေ ဒု-စစ်ဦးစီးချုပ် စောစတီးက “အခုလက်ရှိ တက်တဲ့အစိုးရ သူက အာဏာအရှိဆုံးကိုး။ အစိုးရဟောင်းက သူ့ကို အာဏာလွှဲပေးပြီးပြီဆိုတော့ အဲဒီအစိုးရနဲ့မှီပြီး လက်တွဲပြီးတော့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်မယ်။ ငြိမ်းချမ်းရေးလမ်းကို သွားမယ်” လို့ ပြောပါတယ်။

တပ်မှူးစုံညီ အရေးပေါ်အစည်းအဝေးကို ကလို့ထူးဘော တပ်ဖွဲ့ဌာနချုပ် ဆုံဆည်းမြိုင်မှာ ဧပြီလ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ ကျင်းပသွားမှာပါ။

အခု အရေးပေါ်အစည်းအဝေးကနေ စစ်ဦးစီးချုပ်နေရာကို အရင် ဒု-စစ်ဦးစီးချုပ် စောမူရှေးကို တင်မြှောက်လိုက်ပြီး ဒု-စစ်ဦးစီးချုပ်အဖြစ် စောစတီး၊ စစ်ဦးစီးအရာရှိချုပ်အဖြစ် စောမော်သုံနဲ့ စစ်ဦးစီး ဗိုလ်မှူးကြီးအဖြစ် စောဟိဒို့ တို့ကို ရွေးချယ်လိုက်ပါတယ်။

“ကျနော်တို့ ဗိုလ်ချုပ်ကြီး စောလားပွယ် မရှိတဲ့နောက်ပိုင်းမှာ ကျနော်တို့အဖွဲ့အစည်း ပြန်လည်ပြီးတော့ စနစ်တကျ၊ ကျနော်တို့ ဗိုလ်ချုပ်ကြီး ခင်းထားတဲ့လမ်းအတိုင်း ကျနော်တို့ ဖွဲ့စည်းပုံတွေကို စနစ်တကျဖြစ်အောင် ပြန်ပြီးတော့ စီမံခန့်ခွဲတာပေါ့။ ပြန်ပြီးတော့ ဖွဲ့စည်းတာပေါ့” လို့ စောစတီးက ဆက်ပြောပါတယ်။

ဒီကေဘီအေအဖွဲ့မှာ အခြေချစစ်ဗျူဟာ တပ်ရင်း ၃ ရင်းနဲ့ ကွပ်ကဲရေးတပ်ရင်း ၂ ရင်း ဖွဲ့စည်းထားပါတယ်။

ဗိုလ်ချုပ်ကြီးစောလားပွယ် ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း အန်စီအေ လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားနိုင်ရေးကို အလေးထား ဆွေးနွေးခဲ့ကြပါတယ်။

ညီလာခံ နောက်ဆုံးရက်မှာတော့ နယ်မြေဖွံ့ဖြိုးရေး၊ ပြည်သူ့ဆက်ဆံရေးနဲ့ စီးပွားရေးကိစ္စတွေကို ထည့်သွင်းဆွေးနွေးသွားမယ်လို့ စီစဉ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013