DVB Logo
Home
မြန်မာသတင်း
၄၄ နာရီခန့်ကြာ လောင်ကျွမ်းခဲ့သည့် ပုပ္ပါးတောင် တောမီး ငြှိမ်းသတ်နိုင်ပြီ
DVB
·
April 22, 2016
၄၄ နာရီခန့်ကြာ လောင်ကျွမ်းခဲ့သည့် ပုပ္ပါးတောင် တောမီး ငြှိမ်းသတ်နိုင်ပြီ
1 / 12
Donate to DVB

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်အတွင်း အမြင့်၄၉၈၁ပေ ရှိ ပုပ္ပါးတာင်မကြီးထိပ်မှာ လောင်ကျွမ်းခဲ့တဲ့ ပုပ္ပားတောမီးကို ၄၄ နာရီခန့်ကြာ ငြိမ်းသတ်ခဲ့ရပြီး ဒီနေ့ မနက် ၁၁ နာရီခွဲခန့်မှာ ငြှိမ်းသတ်လိုက်နိုင်ခဲ့ပြီလို့ သစ်တောညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောပါတယ်။

ဧပြီလ ၂၀ ရက် ညနေ ၄ နာရီခန့်က စတင်လောင်ကျွမ်းခဲ့တဲ့တောမီးကို လူအင်အား ၁၂၀ ကျော်နဲ့ ကြိုးစားငြှိမ်းသတ်ခဲ့ရပြီး ဧပြီ ၂၂ ရက် မနက် ၁၁ နာရီခွဲခန့်မှာ မီးကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အပူရှိန်ပြင်းထန်မှုကြောင့် တောမီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဧက ၅၀ ကျော် လောင်ကျွမ်းခဲ့ တယ်လို့ သစ်တောညွှန်မှူး ဦးဝင်းနိုင်သော်က ပြောပါတယ်။

“ဧကအနေနဲ့ ပြောရင် ၅၀ ကျော် ၆၀ လောက်ရှိမယ်။ ခန့်မှန်းပေါ့နော်၊ အများဆုံးလောင်တာ ဧက ၂၀ ကျော် ၂ ကွက်လောက် ရှိတယ်။ အောက်ခြေတွေလောင်သွားတယ်။ ပြီးတော့ လဲကျနေပြီး ခြောက်နေတဲ့ ထင်းရူးသားတွေ လောင်သွားတယ်။ မီးသတ်ဆေးတွေနဲ့ရော တခါထဲ မြေကြီးတွေ ဖုံး၊ ရေတွေလောင်းပြီး ပက်ရတာပေါ့။ တောင်ပေါ်က ကားမောင်းတက်လို့ မရဘူး။ လူတောင် လမ်းလျှောက်တက်ရတာကိုး။ အဲ့ဒီတော့ လူအင်အားနဲ့ဘဲ ငြိမ်းရပါတယ်။”

ပုပါးတောင်တောမီးငြှိမ်းသတ်ရာမှာ ထူးဖောင်ဒေးရှင်းကလဲ မီးသတ်ဆေးဘူး။ လူအင်အားတို့နဲ့ ပူးပေါင်းငြှိမ်းသတ်ပေးခဲ့တယ်လို့ ပြောပါတယ်။

မနေ့ညက လေးပြင်းတိုက်ခတ်မှုကြောင့် တောမီးအရှိန် မထိန်းနိုင်ခဲ့ဘဲ ဒီနေ့မနက်ပိုင်းမှာ မိုးတပြိုက်ရွာချခဲ့လို့ မီးငြှိမ်းတာကို အထောက်အကူဖြစ်စေခဲ့ပါတယ်။

တောမီးကြောင့် ပုပါးတောင်မကြီးမှာရှိတဲ့ ရုပ်သံလွှင့်စက်ရုံတရုံ ထိခိုက်ပျက်စီးဆုံးရှုံးတာ ရှိခဲ့ပြီး အပင်ကြီးလောင်ကျွမ်းမှု မရှိခဲ့ပါဘူး။

ပုပ္ပါးတောင်ကို အညာဒေသရဲ့ အိုအေစစ်လို့ တင်စားခေါ်ဝေါ်ကြပြီး သစ်ကြီးဝါးကြီးတွေနဲ့ အေးချမ်းတဲ့တောင်တလုံး ဖြစ်ပါတယ်။ အနီးနားက ပုပ္ပါးတောင်ကလပ်ကို တက်ရောက်လေ့လာ ကြသူများပေမယ့် တောင်မကြီးပေါ် တက်ရောက်လေ့လာသူတော့ နည်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013