DVB Logo
Home
မြန်မာသတင်း
မေလတွင် ပူပြင်းပြီး ရေပိုရှားနိုင်ဟု မိုးဇလ သတိပေး
DVB
·
April 22, 2016
မေလတွင် ပူပြင်းပြီး ရေပိုရှားနိုင်ဟု မိုးဇလ သတိပေး
Donate to DVB

လာမယ့် မေလမှာ  မြန်မာနိုင်ငံအရှေ့ပိုင်း၊ မြစ်ဝကျွန်းပေါ်နှင့် တောင်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု လျော့နည်းနိုင်သဖြင့် ပူပြင်း‌ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်းတို့ ပိုပြီး ကြုံတွေ့နိုင်တယ်လို့ မိုးလေ၀သဌာနက ဒီနေ့ သတိပေးလိုက်ပါတယ်။

မိုးလေ၀သဌာနရဲ့ အယ်လ်နီညိုနဲ့ လာနီညာအခြေအနေ သတင်းထုတ်ပြန်ချက်ထဲမှာ အခုလို သတိပေးဖော်ပြလိုက်တာဖြစ်ပြီး အယ်လ်နီညိုအား အသင့်အတင့်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုဖြစ်စဉ် အားလျော့ပြီးတဲ့နောက် စိုစွတ်တဲ့ဥတုဖြစ်စဉ် လာနီညာဖြစ်ဖို့ ၅၀ ရာခိုင်နှုန်းရှိတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

“အယ်နီညိုဖြစ်စဉ်သည် ဆက်လက်အားလျော့ကာ ပုံမှန်(ကြားနေ) အ‌ခြေအနေသို့ ရောက်ရှိ ပြီးနောက် ၂၀၁၆ ခုနှစ်၊ မိုးလယ်ကာလနှင့် ဆောင်းရာသီကာလများတွင် လာနီညာဖြစ်စဉ်သို့ ပြောင်းလဲသွားနိုင်သည့် အ‌ခြေအနေမှာ (၅၀)ရာခိုင်နှုန်းအထိ ရှိလာနေကြောင်း။”

အနောက်တောင်မုတ်သုံလေ ဝင်ရောက်မှု နောက်ကျခြင်း၊ မိုးဦးကာလ မိုးရွာသွန်းမှု လျော့နည်းခြင်း စတဲ့ အခြေအနေများ ဖြစ်ပေါ်နိုင်သဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ရေရရှိရေးအတွက် အခက်အခဲများ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း မိုးလေ၀သဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် စိုက်ပျိုးရေရရှိရေး၊ ရေပေးဝေရေး၊ သောက်သုံးရေဖူလုံရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ငါးလုပ်ငန်း၊ ရေကြောင်းသွားလာရေး၊ ခရီးသွားလုပ်ငန်းစတဲ့ ကဏ္ဍများမှာ  ကြိုတင်ပြင်ဆင်နိုင်ကြဖို့ မိုးလေ၀သဌာနက သတိပေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013